နွံထဲကရွှေကြာ(part1)

356 23 4
                                    

ဒီနေ့ကမူစောရွာ၏သာယာလှသောနေ့တနေ့ဖြစ်လေသည်။

''မြေးလေးရိပ်ရေအဘွားမုန့်တွေဗန်းလေးထဲထည့်ထားခဲ့ပြီးပြီးနော်''

အခန်းထဲတွင်မနက်ခင်းစျေးရောင်းထွက်ဖို့အတွက်ပြင်ဆင်နေသောမိန်းမပျိုတစ်ဦးသူမမျက်နှာမှာသနပ်ခါးများလိမ်းခြယ်ထားပြီးဟောင်းနွမ်းနေသောချိတ်ထမီ၀မ်းဆက်ကို၀တ်ဆင်ထားလေသည်။

ခေါင်းဖြီးနေရင်းအဘွားရဲ့အသံကြောင့်''ဟုတ်ကဲ့ဘွား''

ရိပ်အိမ်ရှေ့ကိူထွက်လာတော့ဘွားကပက်လက်ကုလားထိုင်ပေါ်တွင်ထိုင်ပြီးဆေးပေါလိပ်ကြီးကိုဖွာနေလေသည်။

ရိပ်ဘွားပြင်ပေးထားတဲ့တောင်းလေးကိုခေါင်းပေါ်သို့တင်ရင်း''ဘွားရိပ်သွားပြီးနော်..''

''အေးအေးမြေးလေး''

ရိပ်အိမ်ကနေစျေးထိဆိုတစ်မိုင်လောက်လျှောက်ရလေသည်။

လမ်းတစ်လျှောက်၌လည်း''ကောက်ညှင်းပေါင်းပူပူလေးတွေရမယ်..ကောက်ညှင်းပေါင်းပူပူလေးတွေ၀ယ်ကြအုန်းမလားရှင့်...''

ရိပ်လမ်းတစ်လျှောက်လုံးအော်လာခဲ့လေသည်။

''ရိပ်ရေခနလေး..''

ဒေါ်ဘွားမယ်တို့ခြံထဲကလှမ်းခေါ်တာကြောင့်ရိပ်ထိုခြံဘက်ဆီသို့လျှောက်လာခဲ့လေသည်။

''အရီးကောက်ညှင်းဘယ်လောက်ဖို့ထည့်ပေးရမလဲ..''

''၁၀၀၀ဖို့ထည့်ပေးရိပ်ရေ..''

''ဟုတ်ကဲ့..''

ရိပ်ဒေါ်ဘွားမယ်အားကောက်ညှင်း၁၀၀၀ဖို့ထည့်ပေးပြီးနောက်''အရီးဒါဆိုရိပ်သွားပြီးနော်''

''အေးအေး''
ရိပ်ထွက်သွားတာကိုကြည့်ပြီးဒေါ်ဘွားမယ်တစ်ယောက်ညဥ်းတွားမိသည်။

''ဒီလောက်လိမ္မာရေးခြားရှိတဲ့ကလေးကိုဘယ်လိုစိတ်နဲ့များစွန့်ပစ်ရက်တာလဲမသိ...''

ရိပ်စျေးထဲကိုရောက်တော့ဘွားထည့်လာပေးတဲ့ကောင်းညှင်းတွေတ၀က်လောက်သာကျန်တော့သည်။

ရိပ်စျေးထဲမှာလှည့်ရောင်းနေရင်းအချိန်ကုန်သွားလေသည်။

တောင်းထဲမှာလည်းကောက်ညှင်းတစ်ထုပ်သာကျန်တော့သည်။

နွံထဲကရွှေကြာ(or)မိုးသောက်ယံ၏ချစ်ရိပ်ခြုံWhere stories live. Discover now