နွံထဲကရွှေကြာ(part10)

184 15 0
                                    

''ကျမတို့သားလေးရော..ကို''

''မင်းကလည်းဘာတွေဖြစ်နေတာလဲတွေ့ရမှာဘဲကိုခနစိတ်ကိုချုပ်တည်းထားပေးငါလည်းမောင်းပေးနေတာဘဲ..''

အိမ်ကြီးတစ်အိမ်ကိုရောက်တော့စိုးမိုးကားကိုရပ်လိုက်လေသည်။

ဘကြီးမိုးဆိုသူကအနောက်ကနေပါလာသောကားကိုကြည့်ပြီးမိုးသောက်ယံ၏မိဘများဖြစ်မည်ဟုခန့်မှန်းမိသွားလေသည်။

''စိုးမိုးဧည့်သည်တွေကိုအိမ်ထဲခေါ်လိုက်ပါအုန်းကွယ်''

''ဟုတ်ကဲ့ဘကြီး.အန်ကယ်တို့အိမ်ထဲကြွကြပါဗျ...''

''ကို..ကျမတိူ့သားငယ်ရော..''

''ယံရှိပါတယ်အန်တီအိမ်ပေါ်ထပ်မှာပါ...''

ထားကလျာချက်ချင်းဆိုသလို''အန်တီထားယံ့ဆီသွားလိုက်အုန်းမယ်နော်...''

''အန်တီလည်းလိုက်မယ်...''ဒေါ်ထက်မြတ်ဦးတစ်ယောက်ချက်ချင်းအိမ်ပေါ်ထပ်ရှိရာသို့တက်လာခဲ့လေသည်။

ကုတင်ပေါ်မှာသတိမေ့ကာလဲလျောင်းနေသောသားငယ်အားမြင်တော့''သားငယ်..သားငယ်အမလေးဖြစ်မှဖြစ်ရလေမာမီသားငယ်ရယ်...''

''ယံဘာလိူ့အခုလိုဖြစ်ရတာလဲ..''

''မိုးသောက်ယံအခုလိုဖြစ်ရတာချစ်မွှေးကြောင့်ပါအန်တီ..''

''သားငယ်ကိုဓားနဲ့ထိုးတဲ့ကောင်ကိုပြောနေတာလား...ငါ့သားကိုများမင်းတို့ရွာသူကြီးနဲ့ငါတွေ့ချင်တယ်...''ဦးမိုးထက်ဒေါသတကြီးပြောတော့''ကျနော်တို့လိုက်ပို့ပေးပါ့မယ်အန်ကယ်...''

ရွာသူကြီးအိမ်သို့ရောက်သော်

''ရွာသူကြီးဆိုတာခဗျားလား''
ဦးမင်းခတစ်ယောက်လူစိမ်းတွေကိုသေချာအကဲခတ်ရင်း''ဒီကမိတ်ဆွေတို့က''

''ကျနော်ကမိုးသောက်ယံရဲ့အဖေဘဲ..ကျနော်သားကိုဓားနဲ့ထိုးခဲ့တဲ့ချစ်မွှေးဆိုတဲ့ကောင်ကိုအခုခေါ်ပေးစမ်းသူကြီး..''

''နေကြပါအုန်းဒီကိစ္စကအစကတည်းကကျနော်စီစဥ်ပြီးသားပါချစ်မွှေးကိုလည်းဒီရွာကနေထွက်မရအောင်သေချာထိန်းသိမ်းထားပါတယ်ညီလေး...''

''ကျနော်အခုအဲကောင်ကိုတွေ့ချင်တယ်သူကြီးအခုချက်ချင်းခေါ်ပေးစမ်း''

နွံထဲကရွှေကြာ(or)မိုးသောက်ယံ၏ချစ်ရိပ်ခြုံWhere stories live. Discover now