နွံထဲကရွှေကြာ(part12)

182 18 0
                                    

အသက်မဲ့နေသောလူတစ်ယောက်လိုရိပ်နေနေမိသည်။ဒီမဂ်လာပွဲဟာရိပ်ဆန္ဒမပါဘဲဖြစ်သွားခဲ့သည်။

မိုးသောက်ယံကတော့လိုချင်တာရပြီးဆိုတာကြောင့်ပြုံးပျော်နေပေမယ့်ရိပ်၏မျက်နှာထက်၀ယ်အပြုံးရိပ်များကင်းမဲ့နေလေသည်။

''ရိပ်..ပြုံးနေပါဟာနင့်ပုံစံကအသက်မဲ့နေသလိုဘဲ...''

''ငါမလိူချင်တဲ့အရာကိုငါပိုင်ဆိုင်နေရတာလေ..ငါဆန္ဒမပါတဲ့မဂ်လာပွဲမှာငါဘယ်လိုလုပ်ပြီးပျော်ရွှင်ရမှာလဲစံပယ်ရယ်...''

ဦးမိုးထက်ကတော့သားဖြစ်သူဆန္ဒအတိုင်းမဂ်လာပွဲကိုကျင်းပပေးခဲ့ပေမယ့်ဇနီးသည်ကတော့ထိုမဂ်လာပွဲကိုပင်ရောက်လာမခဲ့ပေ။

မဂ်လာပွဲကိုရွာမှာဘဲကျင်းပပေးလိုက်လေသည်။

''မြေးရိပ်မြို့မှာသွားနေရင်ကိုယ့်ကိုကိုယ်သေချာဂရုစိုက်နော်စိတ်လိုက်မာန်ပါလဲမလုပ်မိစေနဲ့မြေးရဲ့ယောက္ခမတွေကိုလည်းမိဘရင်းသဖွယ်ပြုစုပေးရမယ်...''

''ဟူတ်ကဲ့ဘွား''

''အင်းကွယ်အချိန်လည်းမစောတော့ဘူးမောင်ရင်ကို့ဘွားတစ်ခုလောက်မှာချင်တယ်ကွယ်''

''ပြောပါအဘွား''

''ဘွားမြေးမလေးကိုသေချာဂရုစိုက်ပေးပါကွယ်..သူ့မှာအားကိုးစရာဆိုလို့မောင်ရင်တစ်ယောက်ဘဲရှိတယ်ကွယ့်..''

''စိတ်ချပါဘွားရိပ်ကိုကျနော်သေချာစောင့်ရှောက်ပါ့မယ်လို့ကတိပေးပါတယ်...''

''ဘွားဒါဆိုရိပ်တို့သွားတော့မယ်နော်''ရိပ်နဲ့ယံဘွားအားနောက်ဆုံးအနေနဲ့ကန်တော့လိုက်လေသည်။

''အေးအေးသာဓု..သာဓု..သာဓုငါ့မြေးတွေသွားလမ်းသာလို့လာလမ်းဖြောင့်ပါစေကွယ်..ဒီလင်ဒီမယားအိုအောင်မင်းအောင်ပေါင်းဖက်ရပါစေ...''

''ပေးတဲ့ဆုနဲ့ပြည့်စုံပါစေဘွား..ဒါဆိုကျနော်တို့သွားတော့မယ်နော်''

''အေးအေးမြေးတို့''ရိပ်လက်ကိုကိုင်လာပေမယ်ဘွားရှေ့မှာမို့ရိပ်ဘာမှမပြောပေမယ့်..အိမ်ရှေ့ကိုရောက်တော့ရိပ်သူ့လက်အားဖယ်ချကာအရှေ့မှထွက်သွားလေသည်။

နွံထဲကရွှေကြာ(or)မိုးသောက်ယံ၏ချစ်ရိပ်ခြုံWhere stories live. Discover now