နွံထဲကရွှေကြာ(part18)

225 15 0
                                    

ဖန်ဆင်းနိုးထလာတော့မိမိအိပ်ခန်းမဟုတ်မှန်းသတိထားမိသွားလေသည်။

ရုတ်တရက်ထလိူက်ပေမယ့်ဖန်ဆင်းအားဖက်တွယ်ထားသောလက်တစ်ဖက်ကသူမအားပေးမထဘဲအိပ်ယာပေါ်သို့တွန်းလှဲချလိုက်သည်။

အင့်

''ရိပ်မင်းဘယ်သွားဖို့လဲ...''

''ကိုမိုးသောက်ယံ..ဖန်ဆင်းပြန်ပါရစေ...''

မိုးသောက်ယံရိပ်သဖြင့်လည်းဖန်ဆင်းအားတင်းနေအောင်ဖက်ထားပြီး''ရိပ်မင်းဘာလိူ့ကို့ကိုလိမ်နေရတာလဲမင်းကချစ်ရိပ်ခြုံဆိုတာကိုသိတယ်...''

*ချစ်ရိပ်ခြုံ...*

ဖန်ဆင်းထိုနာမည်ကိုကြားတာနဲ့ခေါင်းအလိုလိုထိုကိုက်လာသည်။

''အား..''

''ရိပ်မင်းဘာဖြစ်တာလဲ...ရိပ်မင်းသတိထားပါအုန်း...ဖိုးသစ်!!!..ဖိုးသစ်''

အိမ်စောင့်ဖိုးသစ်ကချက်ချင်းအခန်းထဲကိုပြေး၀င်လာခဲ့လေသည်။

သခင်လေးတို့၂ယောက်ပုံကိုမြင်တော့တဖက်ကိုမျက်နှာလွှဲသွားကာ''သခင်လေးဘာခိုင်းမလို့လဲဗျ''

''အခုချက်ချင်းဆရာ၀န်သွားခေါ်လာပေး..မြန်မြန်လုပ်နော်''

''ဟုတ်ကဲ့သခင်လေး''

''ရိပ်..ရိပ်...''သတိမေ့သွားသောသူမအားယံခေါ်နေမိသည်။

ဖြန်း!!!!

''မဒမ်!!ဘာလို့ကျနော်ကိုရိုက်တာလဲ''

ကုတင်ထက်တွင်ထားကလျာက၀တ်စလစ်နဲ့လူး၀စ်ဂိုဒေါ့လ်ဘေးနားတွင်..

''ရှင်လူယုတ်မာ!!...ဖြန်း..''

''ညကမဒမ်ကျနော့်ကိုလိုအပ်လို့အခုလိုအခြေအနေဖြစ်သွားတာလေကျနော်အပြစ်ကြီးဘဲလိုမဒမ်မပြောပါနဲ့...''

''ညကကျမတို့ဖြစ်ခဲ့ကြတယ်...ဒီကိစ္စကိုမိုးသောက်ယံမသိစေနဲ့လူး၀စ်''

''ဟား..ဒါဆိုရင်ကျနော့်ကိုနှုတ်ပိတ်ခတော့ပေးသင့်တယ်ထင်ပါတယ်မဒမ်''လူး၀စ်ဆိုတဲ့လူကညစ်ကျယ်ကျယ်နဲ့ပြုံးရင်းသူမဆီမှငွေတောင်းနေသည်ကိုထားကလျာသိသည်။

ထားကလျာဘေးနားရှိတဲ့ဘယ်လ်အိတ်ထဲမှာကဒ်တစ်ကဒ်ကိုပေးလိုက်လေသည်။

နွံထဲကရွှေကြာ(or)မိုးသောက်ယံ၏ချစ်ရိပ်ခြုံWhere stories live. Discover now