နွံထဲကရွှေကြာ(part3)

198 20 2
                                    

''ဦးလေးမုန့်စားမလား''

''ငါဗိုက်မဆာဘူး''

''ဦးလေးပြုံးပြပါလား''

ဘုန်းသစ်တစ်ယောက်ဘေးနားမှာရှိနေသောဦးလေးအားစနောက်နေလေသည်။

''ဟျောင့်သစ်မင်းအေးဆေးထိုင်နေစမ်း..''စိုးမိုးကားမောင်းရင်းပိတ်ဟောက်လိုက်တော့ဆူပုတ်ကာငြိမ်သွားလေသည်။

ဘုန်းသစ်ဆိုတဲ့ကောင်ကအစအနောက်သန်တဲ့ကောင်ပင်လူကြီးကိုလူကြီးမှန်းမသိစနောက်တတ်သည်။

ကလေးတွေဆိုလည်းသူစနောက်တာလွန်သွားလို့ငိုသွားကြတာများသည်။

''မြေးရိပ်.''
ရိပ်ထမင်းအိုးတည်နေရင်းအဘွားကိုထူးလိုက်သည်။

''ထမင်းအိုတည်ပြီးရင်သောက်ရေခပ်ထည့်ပေးအုန်းနော်ရေအိုးစင်ကသောက်ရေကကုန်နေပြီး''

''ဟုတ်ကဲ့ဘွား''

ရိပ်ကမနက်၄နာရီဆိုပုံမှန်ထရသည်။ထမင်းအိုးတည်ဟင်းချက်ပြီးမှစျေးသွားရသည်။

ဘွားကတော့ရိပ်ထက်စောနိုးသည်မနက်၃နာရီထပြီးမုန့်တွေကိုပြင်ဆင်ပေးလေသည်။

ရိပ်ကတော့ဘွားရဲ့ကောက်ညှင်းထုတ်တွေကိုစျေးထဲမှာသွားရောင်းပေးရသည်။

ရိပ်ထမင်းကျက်တော့ရေအိုးကိုယူကာကန်ဆီသို့ထွက်လာခဲ့လေသည်။

ရိပ်ရေခပ်နေချိန်ရိပ်ဘေးနားသို့ချစ်မွှေးတစ်ယောက်ရောက်လာလေသည်။

''ရိပ်..''

ရိပ်သူ့အားမမြင်ချင်ယောင်ဆောင်ကထွက်သွားဖို့လူပ်တော့သူကရိပ်အရှေ့ကရပ်ကာ''ကိုတောင်းပန်ပါတယ်ရိပ်ကို့အမေကအဲလိုဘဲ''

''ဖယ်ပေး..ရိပ်ရှင်ကို့မတွေ့ချင်ဘူး''

''မရဘူးရိပ်!!ကိုမင်းကိုချစ်တယ်ကို့ကိုပြန်ချစ်ပေးပါနော်''

''ဖယ်ပေး!!!''

''မဖယ်ပေးနိုင်ဘူးရိပ်..ကိုမင်းကိုချစ်တယ်..''

''ရှင်ဘာလုပ်တာလဲလွှတ်...''ရိပ်အားမြေကြီးပေါ်သို့လှဲချကာအဓမ္မပြုကျင့်ဖို့ကြံရွယ်နေသောချစ်မွှေး၏ခေါင်းအားဘေးနားကအုတ်ခဲကိုယူပြီးရိုက်ချလိုက်သည်။

နွံထဲကရွှေကြာ(or)မိုးသောက်ယံ၏ချစ်ရိပ်ခြုံWhere stories live. Discover now