Chapter 12

554 72 3
                                    

Zawgyi

[အခန်း ၁၂ - လူတွေကြားသွားလို့ မကောင်းဘူး။]

Torture / Drugging !

▸▻▸▹ ◃◂◅◂

ယင်ဟန်၏ အိပ်မက်သည် အဆုံးမဲ့ကာ ရှည်လျား၍၊ ထိပ်တိုက်တွေ့ဆုံရသော ဖိနှိပ်ချုပ်ချယ်မှုနှင့် နွေးထွေးသော ပွေ့ဖက်မှုကြားတွင် အဆက်မပြတ် လည်ပတ်နေပြီး၊ သူသည် မခံမရပ်နိုင်သော ခေါင်းကိုက်ဝေဒနာနှင့်အတူ နိုးလာချေတော့သည်။

မနေ့ညက ချန်ကျင်စန်းကြောင့် ထိခိုက်ခဲ့ရသော မျက်နှာတစ်ခြမ်းသည် ရောင်ရမ်းကာ ပွန်းပဲ့နေပြီး၊ မျက်တစ်ချက် ခတ်လိုက်ရုံနှင့်တင် မခံမရပ်နိုင်သော နာကျင်မှုကို ဖြစ်ပေါ်စေ၏။

ယင်ဟန်က ရေခဲသေတ္တာ အခဲအကန့်လေးထဲမှ ရေခဲအိတ်ကို ထုတ်လိုက်ပြီး မျက်နှာပေါ်တွင် ကပ်ထားလိုက်သည်။

ချန်ကျင်စန်းက ပြောလိုက်သည်။

"ငါ မင်းအတွက် ခွင့်တိုင်ပေးထားတယ် .. မင်း ဒီနေ့ ကျောင်းသွားစရာ မလိုဘူး"

ယင်ဟန်က ငြင်းဆို၏။

"ကျွန်တော် အတန်းအပြည့်တက်ပြီး ပညာသင်ဆု ရအောင်လုပ်မှာ .."

ချန်ကျင်စန်းက ခပ်ဖွဖွ ပြုံးလိုက်ကာ ..။

"ငါက မင်းကျူ ရှင်ခကို မပေးနိုင်တဲ့သူလား ? .. ပညာသင်ဆုကြေး တစ်သောင်းနှစ်သောင်းကို ငါက ချို့တဲ့မနေပါဘူး"

ယင်ဟန်က ရေခဲအိတ်ကို အခဲအကန့်ထဲသို့ ပြန်ထားလိုက်သည်။ သူသည် ကျောင်းယူနီဖောင်းကို ဝတ်ဆင်လိုက်ပြီး၊ တစ်ချိန်တည်းမှာပဲ လာကြိုမည့် ဒါရိုင်ဘာကို ဖုန်းခေါ်လိုက်၏။

"တောင်းပန်ပါတယ် .. ဆယ်မိနစ်လောက် စောင့်ပေးပါဦး .. ကျွန်တော် ချက်ချင်းလာခဲ့မယ်"

ချန်ကျင်စန်းက သူ့ကို မတားဘဲနှင့်၊ သူက ကျောင်း Logo ပါသည့် လွယ်အိတ်ထဲသို့ အိမ်စာနှင့် Laptop အား ကမန်းကတန်း ထည့်သွင်းနေသည်ကို ကြည့်ရှုနေလိုက်သည်။

အိမ်ကမထွက်ခင်မှာ ယင်ဟန်က မေးဆိုလိုက်ပေသည်။

"Semester အတွက် ကျွန်တော် အတန်းချိန် အပြည့်တက်ပြီး Assignment တွေ အကုန်လုံးမှာ A ရရင် ကျွန်တော့်ကို ဆုပေးလို့ရလား ?"

နယူးယော့ခ်မှတ်တမ်း⎾မြန်မာဘာသာပြန်⏌Where stories live. Discover now