Chapter 26

364 43 7
                                    

Zawgyi

[အခန်း ၂၆ - တစ်စုံတစ်ဦးက သွေးဆောင်ခံရသည့်အခါ ၎င်းက ကစားပွဲ တစ်ခုလုံးကို ရှုံးနိမ့်ခြင်း၏ အစဖြစ်သည်။]

▸▻▸▹ ◃◂◅◂

ယင်ဟန်က ဘားဆီသို့ ပြန်မသွားသော်လည်း၊ လီယွိကဲ့သို့ လူများက သူ့အား အသုံးချ၍ ချန်ကျင်စန်းအား နှောင့်ယှက်မည်ကို မလိုလားသောကြောင့်၊ သူသည် ချန်ကျင်စန်း၏ မြင်ကွင်းထဲမှထွက်ကာ တစ်ယောက်ထိုင် ဆိုဖာတွင် ထိုင်လိုက်ပေ၏။

အစမှအဆုံးအထိ ထိုသူက သူ့အား မကြည့်လာခဲ့ပေ။

ကျိုကျီလျိုသည် ပိန်ပါးသွယ်လျသည့် ပုံသဏ္ဍာန်က ထွက်သွားသည်ကို လှမ်းကြည့်ကာ မချုပ်တည်းနိုင်စွာဖြင့် "အပျက်ကောင်" ဟု တိတ်တိတ်ကလေး ဆဲရေးလိုက်သော်ငြား၊ သူ၏မျက်လုံးများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များက တည်ရှိနေသည်။

ချန်ကျင်စန်းသည် စားပွဲရှိ လူတိုင်း၏ တုံ့ပြန်မှုများကို အပြည့်အဝ မြင်တွေ့ခဲ့ချေပြီး၊ သူက Martini ခွက်ကို ကောက်ကိုင်ကာ တစ်ငုံသောက်လိုက်သည်။

ဖဲဝေသူက ကတ်များကို ဝေပေးကာ၊ လူတိုင်းက မျက်မမြင် လောင်းကြေးများကို ပြုလုပ်ကြပြီး တတိယအချီမှာ စတင်ပေတော့၏။

Texas Hold'em တွင် အကြမ်းဖျင်းအားဖြင့် Bluffing အမျိုးအစား နှစ်ခုရှိသည်။ တစ်မျိုးက Bluff ဖြစ်ကာ၊ တချို့သော Bluff များမှတစ်ဆင့် သင့်၌ ကောင်းမွန်သော ဖဲချပ်များ ရှိနေသည်ဟု ပြိုင်ဘက်များကို လွဲမှားစွာ ထင်မြင်စေပြီး၊ သူတို့၏ ကတ်များအား စောစောစီးစီး စွန့်ပစ်ရန် ရွေးချယ်စေခြင်းပင် ဖြစ်သည်။ နောက်တစ်မျိုးမှာတော့ Slowplay ဖြစ်၍ သင်က ကောင်းမွန်သော ကတ်များဖြင့် မလှုပ်မယှက် ကစားနေပြီး၊ ပြိုင်ဘက်များအား ငါးစာကို ရယူစေကာ လောင်းကြေးတိုးစေရန် ဦးဆောင်ပြုလျက်၊ သင့်အား ကြီးမားသော အကျိုးအမြတ်များကို ရရှိစေခြင်းလေပင်။

ချန်ကျင်စန်းသည် နှစ်ချီရှုံးခဲ့၏။ သူသည် မူလတုန်းက ဆုတ်ခွာရန် စိတ်ကူးဖြင့် ကစားခဲ့သော်လည်း၊ ယင်ဟန်က အနမ်းပေးရန် အစပြုမည်ဟု မမျှော်လင့်ထားခဲ့ပေ။

နယူးယော့ခ်မှတ်တမ်း⎾မြန်မာဘာသာပြန်⏌Where stories live. Discover now