Chapter 36

365 32 6
                                    

Zawgyi

[အခန်း ၃၆ - အေး၊ တိုက်ဆိုင်လိုက်တာများ။]

▸▻▸▹ ◃◂◅◂

ယင်ဟန်က တုံ့ပြန်ခါနီးတွင်၊ ရုတ်တရက် လေးငါးမီတာအကွာမှ အက်အက်ကွဲကွဲ အမျိုးသားအသံက ထွက်ပေါ်လာ၏။

"အားစန်း .. ဘယ်လိုတောင် တိုက်ဆိုင်လိုက်တာလဲ ?"

ချန်ကျင်စန်းက တုန်လှုပ်သွားကာ၊ ယင်ဟန်သည် အသံလာရာသို့ ခေါင်းလှည့်လိုက်၏။ သူက လျှောက်လာနေသည့် လူကို ရှင်းရှင်းလင်းလင်း မမြင်ရသေးခင်မှာပဲ၊ ချန်ကျင်စန်းသည် ရှေ့တိုးလိုက်ပြီး သူ့အား သူ၏ကျောနောက်တွင် ကာထားလိုက်သည်။

ယခုအချိန်တွင် သူတို့က ဧည့်ခန်းနှင့် စင်္ကြံကြား၌ ရှိနေပြီး၊ သူတို့အား နှုတ်ဆက်လိုက်သော လူသည် အမှောင်ထုထဲမှ တဖြည်းဖြည်း ထွက်လာကာ၊ အနက်ရောင် ကိုယ်ရံတော် လေးဦးက လိုက်ပါလာပေသည်။

ဧည့်သည်များဟာ လှေကားထစ်များအောက်၌ အော်ဟစ်ရယ်မောနေကြသော်လည်း၊ ဤချောင်ကျသော ထောင့်သည် အေးစက်သော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များဖြင့် ရုတ်ခြည်း ဖုံးလွှမ်းသွားလေသည်။

ယင်ဟန်က ဖြစ်ပျက်နေသည်တို့ကို နားမလည်ပေ။ သူ၏မျက်ဝန်းများက ချန်ကျင်စန်းဘေးသို့ ဖြတ်သွားပြီး၊ အမှောင်ထုထဲ၌ ပုန်းအောင်းနေသော မျက်နှာသည် သူ့အရှေ့သို့ ခုန်ဆင်းချလာပုံရ၏။ ၎င်းသည် သူ့မှတ်ဥာဏ်များ၏ နက်ရှိုင်းမှုအတွင်းမှ တုန်လှုပ်ချောက်ချားမှု လှိုင်းတံပိုးကြီးကို ထွက်ပေါ်သွားစေပြီး၊ သူ၏တစ်ကိုယ်လုံးက တုန်တုန်ယင်ယင် ဖြစ်သွားတော့သည်။

ချန်ကျင်စန်းက ဘာသဲလွန်စကိုမှ မဖော်ပြဘဲနှင့် လက်တစ်ဖက်ကို ကျောနောက်တွင် ထားလိုက်ကာ၊ ယင်ဟန်၏ ဆုပ်ထားသော လက်သီးကို ညင်ညင်သာသာ ပွတ်သပ်ပေးလျက် သူ့အား စိတ်တည်ငြိမ်စေရန် ကြိုးစားရင်း၊ လျှောက်လှမ်းလာသည့် လူကို စူးစိုက်ကြည့်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

"အေး တိုက်ဆိုင်လိုက်တာများ .."

ခြေနှစ်လှမ်း အကွာ၌ ရပ်နေသောလူက မဲ့ပြုံးပြုံးလိုက်ကာ ..။

နယူးယော့ခ်မှတ်တမ်း⎾မြန်မာဘာသာပြန်⏌حيث تعيش القصص. اكتشف الآن