Chapter 23

473 54 2
                                    

Zawgyi

[အခန်း ၂၃ - အပေးအယူ လုပ်ရအောင်။]

Sexual Content !

▸▻▸▹ ◃◂◅◂

ဒါသည် ယင်ဟန်နှင့် ပတ်သက်၍ မမေ့နိုင်ဆုံးသောအရာ ဖြစ်ကောင်းဖြစ်နိုင်၏။ ရှင်းရှင်းပြောရလျှင်၊ သူ့၌ ဥာဏ်ထက်မြက်ပြီး ချောမောသည့် မျက်နှာရှိသော်လည်း၊ သူက ဖျက်ဆီးခံလိုက်ရသည့်အခါ သူ့အား မြင်လိုက်သူတိုင်း၏ နှလုံးသားများကို ကိုင်လှုပ်နိုင်မည့် အလှတရားအဖြစ်သို့ အမြဲတမ်း ပြောင်းလဲသွားနိုင်သည်။

ချန်ကျင်စန်းသည် သူ့အား လပေါင်းများစွာ အလိုလိုက်ထားခဲ့ပေ၏။ သူက သူ၏အရှေ့တွင် ဖရိုဖရဲဖြင့် ဒူးထောက်နေသည်ကို မြင်တွေ့ရရင်း နှလုံးသားက မပျော့ပျောင်းဘူးဟုပြောလျှင် လိမ်ရာကျပေမည်။ သူသည် စက္ကန့်အနည်းငယ်ကြာ ငုံ့ကြည့်နေပြီး အဆုံး၌ သူ့အား ဆွဲထူရန် လက်လှမ်းလိုက်သည်။

ဖုန်းမချရသေးသဖြင့် စောင့်ကြည့်ရေး တာဝန်ခံ လက်အောက်ငယ်သားသည် ညွှန်ကြားချက်များကို စောင့်မျှော်နေ၏။

ချန်ကျင်စန်းက လေသံကို လျှော့ချလိုက်ပြီး ဖွဲများကို ဆန်ခါထဲ၌ အဆက်မပြတ် လှုပ်ခါနေသကဲ့သို့ တုန်တုန်ယင်ယင် ဖြစ်နေသော ကောင်လေးကို သိုင်းဖက်လိုက်သည်။

"ရှောင်ဟန် .. မင်းက ငါ့ကို စမ်းသပ်တယ်၊ လျှို့ဝှက်ကြံစည်တယ်၊ လိမ်ညာပြီးတော့ ငါ့ဆီမှာ အရှုံးပေးသလို ဟန်ဆောင်တယ် ... အခုအချိန်မှာမှ မှားသွားပါပြီဆိုပြီး ပြောချင်နေတာ သိပ်ကိုနောက်ကျသွားပြီ မဟုတ်ဘူးလား ?"

ရေများက ဖရိုဖရဲ စီးဆင်းလာပြီး၊ နှစ်ယောက်စလုံးက ရွှဲနစ်သွားကြသည်။ ထိုသူ၏ ရင်ခွင်ထဲရှိ ယင်ဟန်က အကြိမ်ကြိမ်အခါခါ ပြောလိုက်ပေ၏။

"မစ္စတာချန် .. ကျွန်တော့်ကို အခွင့်အရေး ထပ်ပေးပါ .. ကျွန်တော် နာခံပါ့မယ် .. ကျေးဇူးပြု ပြီး ..."

ဆေး၏အာနိသင်ကြောင့် သူ၏ဇီဝကမ္မ ကန့်သတ်ချက်သို့ တွန်းပို့ခံနေရကြောင်းကို ချန်ကျင်စန်းက သိနေပြီး၊ တူညီသော စကားများအား ကယောင်ကတမ်းဖြင့် ထပ်တလဲလဲ ပြောနေသည်ကို နားထောင်နေခဲ့၏။ နောက်ဆုံးမှာတော့ သူက ဖုန်းကိုမြှောက်လိုက်ပြီး အသံနက်နက်ဖြင့် အမိန့်ပေးလိုက်သည်။

နယူးယော့ခ်မှတ်တမ်း⎾မြန်မာဘာသာပြန်⏌Where stories live. Discover now