Chapter 38

248 46 4
                                    

Zawgyi

[အခန်း ၃၈ - မင်းအမေနဲ့အမကို သတ်ခဲ့တဲ့လူက တခြားတစ်ယောက်ပဲ။]

▸▻▸▹ ◃◂◅◂

ယင်ဟန်က အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။

သူက ငိုချမိတော့မည်ကို ကြောက်သောကြောင့် သူ၏စိတ်ခံစားချက်ကို ထိန်းချုပ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေ၏။

ချန်ကျင်စန်းသည်လည်း စကားမပြောပေ။ သူက ကောင်လေးကို ကြည့်လိုက်သော်ငြား၊ ကောင်လေးက ခေါင်းလှည့်သွားကာ အဝေးသို့ ငေးကြည့်နေသည်။

⏤သူ၏ အမြင့်ကြောက်ခြင်းသည် ဗုံးပေါက်ကွဲမှုမှ ကျန်ခဲ့သော PTSD ဖြစ်ကြောင်းကို သိလိုက်ရတော့၏။ ချန်ကျင်စန်းသည် ထိုအကြောင်းကို ဇဝေဇဝါ တွေးလိုက်ပြီးနောက်၊ ယင်ဟန်၏ မေးဆိုသံကို ကြားလိုက်ရသည်။

"ခင်ဗျား သိနေခဲ့တာလား ?"

ချန်ကျင်စန်းမှာ လည်ချောင်းထဲ၌ တစ်စုံတစ်ရာက ကပ်နေသည့်နှယ် ခံစားရပြီး မဖြေဆိုနိုင်ပေ။

ယင်ဟန်၏ မျက်ဝန်းများနှင့် အပြုံးများဟာ နူးညံ့သိမ်မွေ့ခြင်း မရှိတော့ဘဲ၊ သူက ထပ်ပြောလိုက်သည့် စကားများက အနည်းငယ် ရန်လိုပုံပေါ်လျက်။

"ခင်ဗျားသိနေပြီးသား မဟုတ်ဘူးလား ? .. ချန်ချီက ခင်ဗျားကို အဲ့ဗုံးခွဲတော့မှ စပြီးပစ်မှတ်ထားခဲ့တာ မဟုတ်ဘူး .. အဲ့မတိုင်ခင်တည်းက သူ ခင်ဗျားဆီ ဗုံးတစ်လုံးပို့ပြီး ခင်ဗျားရဲ့ လုံခြုံရေးကို ခြိမ်းခြောက်ခဲ့တာ ဖြစ်နိုင်တယ် .. နယူးယော့ခ်မှာ ခင်ဗျားရဲ့ သတိဝီရိယနဲ့ သြဇာအင်အားတွေကြောင့် သူ့အတွက် အဆင်သင့် မဖြစ်ထားဘူးဆိုတာ ဖြစ်ကိုမဖြစ်နိုင်ဘူး .. အဲ့တော့ ဗုံးကို ကားမှားထည့်လိုက်တာကို ခင်ဗျားသိနေပေမဲ့ ခင်ဗျားက အဲ့ဒါကို ဖြစ်ပျက်ခွင့် ပေးထားခဲ့တာ"

ထိုကဲ့သို့ စုံစမ်းမေးမြန်းခံရခြင်းသည် ချန်ကျင်စန်း၏ဘဝတွင် ပထမဆုံးအကြိမ် ဖြစ်ပြီး၊ အပြစ်ရှိမှုနှင့် နောင်တတရားတို့ကြောင့် လေးလံဖိစီးကာ ခေါင်းမထောင်နိုင် ဖြစ်ရခြင်းမှာလည်း သူ့ဘဝတွင် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

နယူးယော့ခ်မှတ်တမ်း⎾မြန်မာဘာသာပြန်⏌Where stories live. Discover now