Chapter 16: ဝေးကွာရမည့်အချိန်
•••••••
ယဲ့ယောင်ရဲ့အဖြေက လုမင်အတွက် တကယ့်ကိုမထင်ထားတဲ့အရာဖြစ်နေသည်။သူ့မှာ သူငယ်ချင်းတွေ သေချာပေါက်အများကြီးရှိတာပေါ့။ ဒါပေမဲ့ သူနဲ့သူ့သူငယ်ချင်းတွေရဲ့ကြားက ဆက်ဆံရေးမှာ ‘မင်းကငါ့ကိုထိုးရင် ငါကလည်းမင်းကို ဆောင့်ကန်မယ်’ ဟူသောဆက်ဆံရေးမျိုးထက် တစ်ဆင့်ပိုရုံပင်။ လုရွှမ်းနဲ့ယဲ့ယောင်လို တကယ်ကိုအရမ်းရင်းနှီးနေတာမျိုးမရှိဘူး။
ဒီအတိတ်ကဖြစ်ရပ်ကို သူ့ခေါင်းပေါ်သာပုံချလိုက်ပြီး သူ့သူငယ်ချင်းများကိုသာပြောလိုက်ရင် သူတော့ တစ်ပါးသူဒုက္ခရောက်တာကိုလှောင်ပြောင်သည့်အရာများသာရလာလိမ့်မည်မှာ သံသယဝင်စရာပင်မလို။ ‘အဲ့ဒါငါတို့မင်ကောက အရမ်းချောတာကိုး၊ ဒီကရှောင်လင်းရဲ့နှလုံးသားကိုတောင် ခုန်လှုပ်သွားစေပြီ’ ‘နှလုံးခုန်သံတွေမြန်လာပြီ၊ မင်ကော ကျေးဇူးပြုပြီးငါ့ကိုလက်ထပ်ပါ’ ဟူသည့် ဒီလိုသောက်ရေးမပါသည့်စကားတွေတောင် သူရလာနိုင်သည်။ ပြီးတော့ ထိုစကားတွေက လုံးလုံးကိုအဓိပ္ပာယ်မရှိတဲ့တုံ့ပြန်ချက်တွေပင်။
တိုတိုပြောရရင် လုရွှမ်းရဲ့ငယ်သူငယ်ချင်း အမှားလုပ်ခဲ့တာကို ဘယ်သူကမှအေးအေးဆေးဆေး ခွဲခြမ်းစိတ်ဖျာနေမှာမဟုတ်။
ငယ်သူငယ်ချင်းရဲ့ ရှူထောင့်ကနေ ဘယ်သူကတွေးကြည့်မှာလဲ?
ဒါပေမဲ့ ယဲ့ယောင်ရဲ့အဖြေက သူတွေးထားတဲ့ ငါးမျှားစနစ်နဲ့ မိုင်ထောင်ချီလောက်ဝေးကွာနေတယ်! ဒီနေရာမှာ ဘာငါးမှမျှားမနေဘူးဟ၊ အဲ့ငါးမျှားတံကို တစ်စစီဆွဲဖြုတ်ဖို့ ငါမစောင့်နိုင်တော့ဘူး။ (ငါးမျှား= ရေလာမြောင်းပေး)
ဒါမှမဟုတ် ဒါကပညာတော်သင်တွေရဲ့ ချင့်ချိန်ပြီးစဥ်းစားဆင်ခြေတတ်တဲ့နည်းလမ်းများလား?
ကွဲလွဲနေတဲ့အချက်တွေကြောင့် လုမင်မှာလွယ်လင့်တကူ အဆုံးအဖြတ်မလုပ်ရဲချေ။ ထို့ကြောင့် သူသည် ရယ်ပဲရယ်နိုင်တော့သည်။ "ကောမှန်တယ်။ ဟီးဟီး ယဲ့ကောက တကယ်ပါရမီရှိတာပဲ!"

YOU ARE READING
ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽
RomanceStart date _ 15/3/2023 End date - Thanks(≧▽≦)