EPISODE 10

171 28 5
                                    

" သိသင့်ပီလို့ထင်တယ် သမီး "

" ဟင့်အင်း "

So Bekhyung က သူ့အခန်းထဲသို့ ယိုရှီ့ကိုခေါ်သွားပြီး Personal Doctor ပင့်ခေါ်လိုက်သည်။

လောလော ဆယ် So Bekhyung က ယိုရှီ့အား သူ့အိမ်တွင် ထားရန် ဆုံးဖြတ်ချခဲ့သည်။

" ဝင်မလာနဲ့ "

" ဒယ်ဒီ ၊ Julia"

အပေါက်ဝလေးမှာရပ်နေတဲ့ ဟွမ်က ညိုးငယ်သောမျက်ဝန်းတို့နဲ့ ဆေးပိုက်တန်းလန်းတွေဖြစါနေတဲ့ ယိုရှီ့အား ရပ်ကြည့်နေစဉ်မှာပဲ ဒယ်ဒီက အော်ထုတ်ပစ်သည်။

" ဒယ်ဒီ "

" ဦး... ဆိုးဂျောင်ဟွမ်နဲ့ စကားအေးဆေးပြောချင်တယ်ဆ်ုရင် သွားပြောပါ... သမီးမောင်လေးရဲ့ နားမှာပဲ နေချင်သေးတယ် "

" ဟုတ်ပီ သမီး ..... ဦး ပြောတာကို သေချာနားထောင် ၊ အပြစ်ရှိခဲ့သူက ဦးတို့ မိသားစုမို့လို့ သမီးက မောင်လေး‌ကိုခေါ်ပြီး ဘယ်မှ ထွက်သွားစရာမလိုဘူး ကြားလား "

Julia က So Bekhyung ၏ စကားကို ဘာမျှခွန်းတုံ့မပြန်ပဲ ခေါင်းငုံ့သွားပြီး မောင်ဖြစ်သူ၏နှာဖူးလေးကို ဖြည်းညှင်းစွာပွတ်သပ်လိုက်သည်။

So Bekhyung ထွက်သွားပြီးနောက် မျက်ရည်တွေတသွင်သွင် စီးကျလာကာ မောင်လေး၏နှာဖူးပြင်လေူအထက်နွေးထွေးသောနှုတ်ခမ်းကျရောက်သွားတော့သည်။

" မင်း ငါနဲ့ လိုက်ခဲ့ "

အပေါက်ဝမှာရပ်နေသည့် ဟွမ့်ကို ဒယ်ဒီဖြစ်သူက သူ၏ အခန်းထဲသို့ခေါ်သွားခဲ့သည်။

ဆိုးဂျောင်ဟွမ်သည် ဒယ်ဒီဘာကြီးပဲဖြစ်နေနေ လေးစားရသည်။

" ထိုင် "

" ..... "

" သားငယ် "

ထိုသို့ခေါ်လိုက်က ဆိုးဂျောင်ဟွမ်က မတုံမဆိုင်းမော့ကြည့်လာသည်။

" သားငယ်က အဲ့ဒီကောင်လေးကို တကယ်ချစ်သလား "

"......"

မဖြေပဲ ခေါင်းကိုငုံ့မြဲတိုင်းငုံ့နေပြန်သည်။

" သား..ဒယ်ဒီမေးနေတယ်လေ ချစ်သလားလို့ "

" မချစ်ဘူး ဒယ်ဒီ "

" မင်း ဒယ်ဒီ့မျက်လုံးကိုကြည့်ပြီး ပြောစမ်းပါ ၊ ငုံ့မထားပါနဲ့ "

𝗟𝗢𝗦𝗘𝗥 ~ 𝗟𝗢𝗩𝗘𝗥  ( Complete )Where stories live. Discover now