မနက်ခင်း နှင်းကျနေချိန် အခန်းရဲ့ ပြတင်းပေါက်ကို မျက်နှာမူကာ အောက်က Sports ဘောင်းဘီအရှည်နှင့် အပေါ်ပိုင်းဟာ ဗလာနတ္ထိ ၊
ကော်ဖီခွက်ကိုင်ရင်း အနဲငယ်မှုတ်သောက်ပီး ခွက်ကို လက်ကကိုင်ကာ ပြတင်းပေါက်ကိုမျက်နှာမူထားပီး တစ်ခုခုကိုတွေးတောနေဟန်
ပူမှာဆိုးလို့ ရေချိုးခန်းထဲကထွက်မလာခင် အမြဲ နွေးနွေးလေးဖြစ်အောင်လုပ်ပေးတတ်တဲ့သူ ၊
မနက်စာကို အပြီးပြင်ဆင်ပေးပီးမှ ဆိုင်သွားတဲ့သူ ၊
အဝတ်တွေဆိုလဲ အိမ်တော်ထိန်းကိုမခိုင်းပဲ
မောင့်အဝတ်အစားတွေဆိုတဲ့စိတ်နဲ့သူ့စိတ်ကြိုက် သူ့လက်နဲ့ လျှော်ဖွတ်ခဲ့ သူ ၊အခုတော့ ထိုသူက အနားမှာ ကော်ဖီငွေ့လေးလို တရေးရေးပျောက်ကွယ်သွားတော့သည်။
သိပ်ချစ်ခဲ့တယ် ၊ မလိမ်တမ်းပြောရရင် အရမ်းချစ်ခဲ့ပါတယ် ,
မင်းကိုဆုံးရှုံးမခံနိုင်ခဲ့ဘူး ၊ ဒါပေမဲ့ Julia ဟာ မင်းရဲ့ မမမဟုတ်ခဲ့ရင် ၊ အခုချိန်မှာ မောင်တို့ ကမ္ဘာလေးက ဘယ်လောက်တောင် ပျော်စရာကောင်းလိမ့်မလဲ အချစ်ရာ။
မင်း ကို မုန်းလို့ ပန်းပန်ထားတာကိုမကြိုက်တာမဟုတ်ပါဘူး ။
မောင် သိပ်ကြိုက်တာပေါ့ ၊ ပန်းပန်ထားတဲ့ မင်းရဲ့ မျက်နှာလေးကို တွေ့ပြီး မြင်မြင်ချင်းချစ်ခဲ့မိတာ ဒီကောင်ပါကွာ ၊ ဒီကောင်ကြီးပါ ။
မောင် အတ္တကြီးသွားတယ် ၊ အမှားတွေကို ပြန်ပြင်ချင်ပေမဲ့ မောင်မာနက ခွင့်မပြုခဲ့ဘူး Jaden
ဟုတ်ပါတယ် ၊ မြေစာပင်က မင်းပါ ၊
မောင့်ကလေးလေးကို မောင်သိပ်လွမ်းတယ် !
မင်းအပေါ် ဒယ်ဒီ့အကြည့်တွေ မရိုးသားဘူး ၊ မောင်စိတ်ပူတယ် ၊သဝန်တိုတယ် ။
မင်း အလှကြောင့် ပန်းလာဝယ်တဲ့သူတိုင်းကို မင်းခွင့်ပြုချက်သာရရင်မောင်သတ်ပစ်ချင်တယ် ။
မင်းအလှကို မောင်ပဲတွေ့ခွင့်ရှိတယ် ၊ ဖြစ်နိုင်ရင် အိမ်မှာဖွက်ထားချင်တဲ့အထိပဲ ။
YOU ARE READING
𝗟𝗢𝗦𝗘𝗥 ~ 𝗟𝗢𝗩𝗘𝗥 ( Complete )
أدب الهواةကျူးလစ်ပန်းရောင်လေးက " မင်းက မောင့်အတွက်ပြီးပြည့်စုံတဲ့သူ "တဲ့ Jaden , ဒါကြောင့်.. မောင်အမြဲရည်ရွယ်သူက မင်း .. !