နှစ်တွေအလီလီကြာပြီးနောက်တွင် မမ သေသွားပြီဆိုတဲ့တင်းဆိုးကြီးဟာ ကျွန်တော်နားထဲသို့ရုပ်ကျည်းတန်စွာရောက်လာခဲ့တော့သည်။
ကျွန်တော်လည်းမနှစ်ကမှ ဦးရဲ့ကျေးဇူးကြောင့် နှလုံး ခွဲစိတ်မှုဟာ အောင်မြင်စွာပြီးဆုံးသွားခဲ့လေပြီ ။
အမြဲတမ်းဆိုင်ထိုင်ခဲ့တာကြောင့် စိတ်တွေဟာ ဗလာနတ္ထိ အရှင်းဆုံးသို့ မိုင်ကုန်ရောက်ရှိခဲ့ပေမဲ့
လူတစ်ယောက်ကတော့ သူ့ကိုအမြဲနှောက်ယှက်နေသယောင်
ဟုတ်တယ် ၊ ရုပ် ၊နာမ် ဘာမျှမသိရပဲ သူ့ဆီကိုပန်းတွေသာပို့နေခဲ့သည်။
ပန်းလေးကလည်း တိုက်ဆိုင်စွာပင် အဖြူရောင်
သူသိပ်ကြိုက်တဲ့ ကျူးလစ်ဖြူဖြူလေးတွေ တစ်ပတ်တစ်ခါ အစည်းလိုက်လေး Delivery နဲ့ရောက်ရောက်လာတယ် ။Post card ထဲမှာလေ အသဲပုံဖြူဖြူလေးသာ ရေးဆွဲထားသည့်ပုံ
အဲ့ဒီတစ်ခုပါပဲ ။ ကျန်တာတော့ အရာရာ ဦးကြောင့်အဆင်ပြေနေပြီ။
ဦး က ကျွန်တော့က်ုနောက်ပိုင်းအရမ်းဂရုစိုက်တာကြောင့် ဒယ်ဒီလို့သာ ခေါ်ခဲ့သည်။
သေချာတယ် ဒယ်ဒီ့မှာ ကျွန်တော်မသိနိုင်တဲ့လျှို့ဝှက်ချက်တွေအမြောက်အမြားရှိနေနိုင်သည်လေ။
" ဒယ်ဒီ "
ဆိုင်တံခါးဖွင့်သံကြောင့် အသံလာရာကြည့်လိုကါတဲ့အခါ ဒယ်ဒီဖြစ်နေခဲ့သည်။
" ယိုရှီနိုရီ .... ဒယ်ဒီ company ကအပြန်ဝင်ခေါ်တာ "
" ဟုတ်ကဲ့ ဒယ်ဒီ ၊ ကျွန်တော်ဆိုင်သိမ်းဦးမယ် "
" ဒါနဲ့....."
ဒယ်ဒီဟာ စကားတစ်ခွန်းပြောဖို့အရေး ရုတ်တရက်ရပ်တန့်သွားသညါ။
" သားဂျောင်ဟွမ် ဒီနေ့ ညနေ Flight နဲ့ရောက်မယ် ၊သား "
ထိုစကားကို ယိုရှီက ကြားသော်လည်း ဟန်မပြတ် အိတ်ထဲသို့ပစ္စည်းတွေကောက်ထည့်ပြီး မျက်နှာတစ်ဖက် လွှဲကာ ပန်းတွေကိုစီရီနေသည်။
" သား "
"....."
" သားနိုရီ "
YOU ARE READING
𝗟𝗢𝗦𝗘𝗥 ~ 𝗟𝗢𝗩𝗘𝗥 ( Complete )
Fanfictionကျူးလစ်ပန်းရောင်လေးက " မင်းက မောင့်အတွက်ပြီးပြည့်စုံတဲ့သူ "တဲ့ Jaden , ဒါကြောင့်.. မောင်အမြဲရည်ရွယ်သူက မင်း .. !