EPISODE 13

241 28 0
                                    

သတိလစ်မေ့မျောကာအိပ်ပျော်နေသည့် ယိုရှီ့အား တစ်ညလုံးတစ်စိမ့်စိမ့်ထိုင်ကြည့်နေမိသည်။

မိုးလင်းမှာကိုတောင်နှမြောမိသည်အထိ ချစ်ရသူလေး၏ မျက်နှာလှလှလေးကို ရှုလို့မဝနိုင်ပေ။

ထိုနောက် ဆိုးဂျောင်ဟွမ်တစ်ယောက်လည်း ယိူရှီ့ကိုကြည့်နေရင်း ရင်ခွင်ထဲပိုက်ကာ အိပ်ပျော်သွားတော့သည်။

နေရောင်ခြည်ထိုးဖောက်ဝင်ရောက်လာချိန် အလင်းရောင်ဟာ ဖြာထွက်လာလျှက် ယိုရှီနိုရီရဲ့မျက်နှာပြင်ပေါ်သို့တိုက်ရိုက်ကြလညတော့သည်။

" အင်း ဟင်း "

လက်လေးတွေက ကလေး‌ပေါက်စလေးပမာ ဟွမ့်ရဲ့ ရင်ဘက်ကိုတွန်းကန်၍ အပျင်းကြောဆန့်လျှက်

ဟင် !

မျက်လုံးဟာ ခါးပေါ်က လက်တင်ထားတဲ့အထိအတွေ့ကြောင့် ငေါက်ခနဲ ပြူးကျယ်သွားတော့သည်။

ညကအဖြစ်အပျက်ကြီးကိုပြန်တွေးမိပြန်တော့ မျက်ဝန်းထဲရှိ အရည်တစ်ချို့က လဲ့လာပြန်သည်။

ပြီးနောက် သူ့ရှေ့က မျက်တောင်လေးကော့ညွန့်ကာ အိပ်ပျော်နေသည့် မောင့်ရဲ့ မျက်နှာ နဲ့ နီဆွေးဆွေးဖြစ်နေသည့်နှုတ်ခမ်းလေးကိုကြည့်နေမိသည်။

အရင်တိုင်းလေးပဲ မောင်က ချောတုန်း !

" ကြည့်လို့ဝရင်ပြော... မောင်ပြန်အိပ်မလို့ "

ဟင် !

လူမိသွားသည်ကြောင့် ယိုရှီက တံတွေးတစ်ချက်မျိုချလျှက် မျက်နှာ တစ်ပြင်လုံးရဲလာတော့သည်။

" ဖယ်... နိုးနေရင်လည်းထလေ ၊ အဲ့လိုလုပ်တာ မ မကောင်း ပါဘူး "

ထိုအခါ ဆိုးဂျောင်ဟွမ်က မျက်လုံးဖွင့်လျှက် ယိုရှီ့မျက်နှာအနားသို့အရမ်းနီးကပ်စေတာကြောင့် တစိယောက်နဲ့တစ်ယောက်၏ အသက်ရှုသံတွေဟာ ကျယ်လောင်စွာကြားနေရသည်။

" ငါ့‌ခါးပေါ်ကမင်းလက်ဖယ် "

" ညတုန်းကလို မောင် လို့ခေါ် "

" သေလိုက်လေ ၊ ရူးနေလား မင်း "

" အင်း မောင်ရူးသွားပြီ ၊ ဟောဒီက ခင်ဗျားလေးကိုချစ်တဲ့ စိတ်နဲ့ မောင်ရူးသွားပြီ "

𝗟𝗢𝗦𝗘𝗥 ~ 𝗟𝗢𝗩𝗘𝗥  ( Complete )Where stories live. Discover now