ညက အချစ်လွန်ခဲ့တဲ့အဖြစ်ပျက်ကို မည်သူကမျှ အစပြန်မဖော်ကြသလို မသိချင်ယောင်ဆောင်၍ ခါတိုင်းလို သာမန်နေ့တစ်နေ့အဖြစ် နိုးထလာခဲ့ကြသည်။
သိူ့သော်
ယ်ိုရှီနိုရီ ဖြစ်သူကတော့ မထနိုင်သေးပေ။
ဂျောင်ဟွမ်သည် နှစ်ခြိုက်စွာ အိပ်ပျော်နေသော သူ့အိမ်သား၏ ပါးပြင်လေးကို နွေးထွေးစွာငုံ့မွှေးလေပြီးနောက် Company သို့သွားရန်ပြင်ဆင်ရသည်။
ထိုစဉ် အကြောဆန့်ကာနိုးလာသူဟာ မျက်လုံး ဆက်ခနဲ ဖွင့်ကြည့်လိုက်လျှင်
" အင်းးးးးး "
အကြောဆန့်သံကြောင့် မောင်က အဝတ်ဘီရိုကိုဖွင့်ရင်း လှည့်ကြည့်လိုက်လေသည် ။
" အချစ် "
အချစ်က ရှက်နေသလားတော့ မပြောတတ် ၊ မသိချင်ယောင်ဆောင်ကာ ဟိုဘက်လှည့်သွားလေသည်။
ထို့နောက် အောက်က စတိုင်ပန် အမဲကို ဝတ်ထားလျှက် အပေါ်ပိုင်းဗလာနဲ့ ကုတင်ပေါ်က ယိုရှီနားသိူ့ကပ်သွား၍ ခါးလေးကိုသိုင်းဖက်လိုက်လျှင်
" အချစ် "
"....."
" အချစ် ဒီဘက်လှည့်ကွာ... မောင့်ကိုရှက်နေတာလား "
ထိုအခါမှ မျက်နှာတော်လေးလှည့်လာလျှင် ဟွမ်က အပေါ်ကနေ လှပရွှန်းလဲ့နေသည့် မျက်ဝန်းအစုံတို့ကို ငုံ့မိုးကြည့်နေသည်။
" ဖယ်... ငါ့အပေါ်က "
" မဖယ်ဘူး.... အချစ်က မောင့်က်ို လစ်လျှူရှုနေတာကိုမကြိုက်ဘူး "
"......"
" အချစ် သိရဲ့လား... ! မောင် ကလေ မောင့် ကို အချစ်မသိချင်ဆောင်ပြီး ၊ မောင့်ကို ဂရုမစိုက်ရင် နှလုံးသားထဲက နာကျင်ရတယ် "
ထိုသို့ပြောနေစဉ် အုပ်မိုးထားတဲ့ ဟွမ့်အား အောက်ကနေ ပင့်ကြည့်အာ နှဖူးပေါ်ဝဲကျနေသည့် မောင့်ရဲ့ ရှေ့ဆံပင်လေး အား သပ်တင်ပေးရင်း မြတ်နိုးခုံမင်သော အကြည့်တို့နှင့် ည်ို့ယူ၍
" ငါ , မောင့်ကို မမုန်းခဲ့ဖူးပါဘူး "
" ဘယ်လို "
YOU ARE READING
𝗟𝗢𝗦𝗘𝗥 ~ 𝗟𝗢𝗩𝗘𝗥 ( Complete )
Fanfictionကျူးလစ်ပန်းရောင်လေးက " မင်းက မောင့်အတွက်ပြီးပြည့်စုံတဲ့သူ "တဲ့ Jaden , ဒါကြောင့်.. မောင်အမြဲရည်ရွယ်သူက မင်း .. !