[Run Away] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂

1.1K 128 11
                                    

သတိပေးချက် ⧉ ဒါလေးက Fiction ပေမယ့် Canon universe ပါ။ အရမ်း Sensitive ဖြစ်တဲ့သူ ဆိုရင် မဖတ်ဖို့ အကြံပြုချင်ပါတယ်ဗျ။ ကျေးဇူးပါဗျ။

⧉ 𓃲 ⧉ 𓃠 ⧉

"ဘာလုပ်နေတာလဲ အဲ့ဒါ"

ကိုယ့်လက်ဝါးကိုယ် ကြည့်ရင်း ငူငူကြီး ထိုင်နေသော Gyuvin ကို Taerae သည် ဆက်ကြည့်နေလို့ မရတော့သလို မေးသည်။ Taerae Show များ ရိုက်ရကောင်းမလား Duo Live လွှင့်ရကောင်းမလား ရယ်လို့ စူးစမ်းရန် သူ့အခန်းထဲ ရောက်လာမိသည်က အမှားပင်။

ဒီလက်ကို ဆုတ်လိုက်ဖြန့်လိုက် အခြေအနေက နာရီဝက် မကတော့။

"မေ့မသွားအောင် မှတ်နေတာလေ"

Gyuvin က ပြန်ဖြေသည်။ လွန်ခဲ့သည့် နာရီတွေများစွာက စင်ပေါ်မှာ မသိမသာလေး ခိုးဝှက်ပြီး ခံစားခဲ့ရသည့် အထိအတွေ့ကို တမ်းတမ်းတတပင်။

"သူ့အငွေ့အသက်လေးတွေ ကျွန်တော် မသိရတာ ကြာပြီလေ သူ့အသားကို ထိဖို့ဆိုတာတောင် အရမ်းခက်ခဲနေတာ Hyung သိတယ်မလား Kim Ricky ရဲ့ ကျောပြင်ပါးပါးလေး Kim Ricky ရဲ့ တင်ပါးပြားပြားလေး အာ.. ဟုတ်သားပဲ သူ အရမ်းပိန်သွားတာ"

"မေးမိလား"

"ဟ ! T ဇာတိပြပြီ မမေးလည်း ပြောတယ်ဗျာ နားထောင် ! ကျွန်တော် Kim Ricky ကို နောက်ဆုံး နမ်းခဲ့တာ ၄ ရက်နဲ့ ၁၉ နာရီ ကြာပြီ Kim Ricky နဲ့ ဖက်အိပ်ခဲ့တာ လွန်ခဲ့တဲ့ ၂၉ ရက် က_

"တစ်ခန်းတည်းနေတာပဲကို ဘာ $ အဲ.. အပိုတွေ Drama ခင်းနေတာလဲ"

"ဆုပေးပွဲတွေ ဆက်နေတာ Hyung ရယ် Practice ပြီးလို့ ပြန်ရောက်ရင် ပင်ပန်းလို့ အဲ့ကောင်ကလည်း တန်းအိပ်တာ ကျွန်တော့်မှာ နှိုးရက်ပါ့မလား Hyung ပဲ စဉ်းစားကြည့်"

"အဲ့ဒါနဲ့ အချစ်နာကျပြီး အခုလို မြင်ရတဲ့သူ စိတ်မချမ်းသာအောင် မင်း ပိန်ကျသွားတာလား"

"အာ အဲ့ဒါက Diet ကြောင့် ......... ထားပါ ကျွန်တော့် Visual ကိစ္စက"

"ထားလို့တော့မရဘူး Matthew တောင် ပြောနေတာ မင်း Gym မဆော့တော့ဘူးဆို မင်းပုံစံအတိုင်းပဲ မင်းနေစမ်းပါကွာ သူများဘာပြောပြောပေါ့"

𝘾𝙖𝙣𝙤𝙣 𝙊𝙣𝙚-𝙨𝙝𝙤𝙩𝙨 ✮⋆  🎀  𝒢𝓎𝓊𝑅𝒾  🎀  ⋆✮Where stories live. Discover now