သတိပေးချက်
⧉
ဒါလေးက Fiction ပေမယ့်
Canon universe ပါ။
အရမ်း Sensitive ဖြစ်တဲ့သူ ဆိုရင်
မဖတ်ဖို့ အကြံပြုချင်ပါတယ်ဗျ။
ကျေးဇူးပါဗျ။⧉
ပရိတ်သတ်သည် လျှပ်စစ်ဗို့အားပြင်းပြင်းကို မိုးကြိုးပစ်သလို ညံနေ၏ ။ Ricky သည် ရွှင်ပျတာထက်ပိုသော လှိုက်မောခြင်းနှင့် အားသွန်ခွန်စိုက် • အသည်းအသန် • အသေအကြေ (ထပ်ပြီး ကြိယာဝိသေသနတွေ ရှိရင်လည်း အကုန်ထည့်လို့ရယ်) ကပြသည်။ သီဆိုသည်။ ဖျော်ဖြေသည်။ မီးအလင်းရောင် အနည်းငယ် မှိန်သွားတိုင်းမှာ စင်အောက် နှင့် တဖက်အမြင့်က ပရိတ်သတ်တွေရဲ့ ကြည်နူးခြင်းမျက်ရည်တွေကို မြင်ရသည်။ --- အိုး .. fanboy တစ်ယောက် ။ Kim Gyuvin ရဲ့..
သူလည်း မြင်မည်ထင်သည်။ မသိမသာလေး မျက်ဝန်းထောင့်မှာ မြင်ရသော Ricky ချစ်သည့် သူ သည် အရိုးရှည်ရှည်တွေ တစ်ဆစ်ချင်း ပြတ်ထွက်မတတ်ကို ကနေသည်ပဲ။
Who couldn't love such a sincere man~
သူက များသောအားဖြင့် အစွန်အဖျားပိုင်းတွေမှာ ကရလေ့ရှိတာကြောင့် ကင်မရာပြင်ပ ရောက်နေရတာ များသော်လည်း Ricky သည် အကျင့်ပါနေသော အကြည့်က သူ ရှိရာကို အလိုလို ဒက်ခနဲ ရောက်သည်။ သူလည်း ထပ်တူ --- Ricky ကို မမြင်မြင်အောင် မြင်တတ်ပြီး မြင်တာနဲ့ တင်ကိုင် • ဖင်ကိုင် • နမ်းဖို့ ကြံ .........
ထားပါတော့ ။
ဒီသူငယ်ချင်းနဲ့ အတူ debut ခဲ့ရသည့် အိပ်မက်လို အခြေအနေကို လက်ခံရရင် ဒီသူငယ်ချင်း ဘာလုပ်လုပ် အကြီး ဖြစ်သည့် Ricky က နားလည်ပေးရမည်မလား။ကြည့်ပါ။
Ricky ဘယ်လောက် ယောင်္ကျားကောင်း ပီသလိုက်သလဲပြီးတော့ ဒီသူငယ်ချင်းကလည်း ဒီနေ့မှ BP prince လေး ပြန်ရောက်လာသလို ပြန်ချော_
အာ ~
Gyuvin က အမြဲချောပါသည်။
ချစ်ဖို့လည်း ကောင်းသည်။ခိခိ
မီးအလင်းရောင် ပိုလာတိုင်းမှာ စင်ပေါ် တောက်ပနေသည့် ကြယ်စင်အစုအဝေးလေးကို Ricky သည် ရင်ခုန်စွာ သဘောတကျ ပြုံးနေမိပါသည်။ --- ခက်တော့ ခက်သား ။ ခပ်တည်တည် cool guy image နဲ့ ကမ္ဘာလှည့်မလို့ကို တာထွက်ကတည်းက နုနုလှလှ lovelicky လေး ဖြစ်နေရရင် မဟုတ်သေးပါဘူး ။
ESTÁS LEYENDO
𝘾𝙖𝙣𝙤𝙣 𝙊𝙣𝙚-𝙨𝙝𝙤𝙩𝙨 ✮⋆ 🎀 𝒢𝓎𝓊𝑅𝒾 🎀 ⋆✮
Fanfic[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 ••• GyuRi Canon Oneshots•••