This story is Fiction.
Tags ◆ Canon compliant, Boy x Boy■
◆
"ဘာလုပ်နေတာလဲ အဲ့ဒါ"
Gyuvin ရဲ့ ထအော်သံသည် အိမ်နီးနားချင်း ခွေးတချို့ကိုပင် လန့်ပြီး ထဟောင်စေသည်။ Ricky သည် ခြံထဲမှာ ရှိနေရာကနေ သူ့ကို လှမ်းကြည့်မိသည်။ --- သိပ်ကို တရားကျဖို့ ကောင်းသည့် ကောင် ။ သူက Ricky ကို လာတောင်းပန်တာ မဟုတ်ဘဲ ရန်ထပ်ဖြစ်ဖို့ ရောက်လာသည် ထင်ပါ၏။
သူ့အတွက် ငဲ့ပေးမည်လို့ တွေးမိသည့် Ricky သာ အရူးဖြစ်ရသည်။ ဒါကြောင့်လည်း သူက Ricky ကို အရူး လို့ ခေါ်တတ်တာ ထင်သည်။
ဟား ~
မရယ်ရလိုက်တာ ။"Yujin သီချင်း ပိတ်လိုက်ပါတော့"
တိုးတိုးဖွင့်ထားခဲ့သည့် သီချင်းကို ပိတ်ဖို့ နောက်လှည့်ပြောလိုက်သည့်အခါ Han Yujin သည် Ricky ရဲ့ ခါးပေါ်က လက်ကို ချက်ချင်းရုတ်ပြီး ထွက်သွားသည်။ ဒန်းပေါ် တင်ထားခဲ့သည့် ဖုန်းကို သွားယူသည်။ ပြီးတော့ ပဲလှော်ကြား ဆားညပ်မှာ စိုးရသဖြင့် အမြန်လစ်ဖို့ ပြင်သည်။
သို့သော်..
"Yujin jje ခဏနေပါဦး"
Kim Gyuvin စကားကို မနာခံဖူးသည့် Han Yujin က အခုမှ ထူးပြီး ငြိမ်သွားသည်။ Yujin သည် Ricky နှင့်ဆို သူကပဲ အကြီးတစ်ယောက်လို ပြောင်းပြန်တွေ ဇောက်ထိုးတွေဖြစ်ပြီး အလိုလိုက် • ကာကွယ်ပေးတတ်သည်။ တဖက်မှာလည်း Gyuvin က သူ့ကိုဆို ၃၂၀% ခွင့်ပြုသည် • ခွင့်လွှတ်သည် • စေလိုရာစေ။ ဒီတော့ ခမျာမှာ ပဋိပက္ခ ဖြေရှင်းရေး ပရဟိတ ဝင်လုပ်ရမလား ဒွိဟပွားရပြီတည့်။ Ricky သည် အားနာမိသည်။ ကလေးက ဘာအတွက် ကြားထဲကနေ စိတ်အနှောင့်အယှက် ဖြစ်စရာ လို_
"Gyuvin hyung ကျွန်တော် ပြောမယ်နော် ဒီကိစ္စက ကျွန်တော်နဲ့ ဘာမှ မဆိုင်ဘူး ကျွန်တော်က အက ကူလေ့ကျင့်ပေးရုံပဲ"
"ကိုယ် ဘာများ ပြောရသေးလို့လဲကွာ"
ဟော ။
Tone က မတူ။ သူ Ricky ကိုဆို ဘယ်တော့မှ ဒီလို နူးနူးညံ့ညံ့ မပြောခဲ့ဖူးသည်ပဲ။ အမိန့်တွေ ပေးသည်။ (Ricky က နာခံတာတော့ မဟုတ်ပေမယ့်) လေသံက မာသည်။ (Ricky ကလည်း ချိုသာမနေပေမယ့်) ညင်သာမှုလည်း မရှိ။ ဒီလိုလူကို ဘာလို့ ကြိုက်မိသလဲ ကိုယ်ကိုယ်တိုင်လည်း နားမလည်ချင်။
ESTÁS LEYENDO
𝘾𝙖𝙣𝙤𝙣 𝙊𝙣𝙚-𝙨𝙝𝙤𝙩𝙨 ✮⋆ 🎀 𝒢𝓎𝓊𝑅𝒾 🎀 ⋆✮
Fanfic[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 ••• GyuRi Canon Oneshots•••