[Loving you is a losing game - I] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂

804 99 48
                                    

This story is Fiction.
Tags ◆ Canon compliant, Boy x Boy





"I wish that in every single life,
you are there with me, Qubing."

စာတို​လေးသည် အဝါ​ရောင် note စက္ကူပိုင်း​လေးမှာ လက်​ရေး​သော့​သော့​လေးနှင့် ချစ်စရာ။ Gyuvin သည် စက္ကူပိုင်း​လေးကို တရှုံ့ရှုံ့နှင့် နမ်းပစ်လိုက်သည်။ ဒီ​နေ့အတွက် အကြိမ်၂၀​မြောက်။ Kim T-aerae က အဖြစ်သည်းလိုက်​လေခြင်းလို့ မ​ပြောရုံတမယ် ကြည့်​နေပြီး အ​ဆောင်ရဲ့ ညစာထမင်းဝိုင်းမှာ Sung Hanbin က​တော့ Gyuvin ကို ကြင်နာစွာ ​ကျော​လေးပွတ်သွားသည်။ လူ​လေး ၂​ယောက် ​လျော့​နေတာကိုပင် ကန္တာရလို ထင်ရသည့် ဧည့်ခန်း • ​အေးစက်​ခြောက်ကပ်​နေသလို ထင်ရသည့် အိပ်ခန်း ... ......

"မသိရင်ဘဲ မင်းတို့နှစ်​ယောက်က လူကြီး​တွေ သ​ဘောမတူလို့ ကွဲရတဲ့ အတွဲ​တွေကျလို့"

"ဘယ်လို ?! ဘယ်လို ?! ပြန်​ပြောလိုက်စမ်းပါဦး"

Gyuvin သည် လက်ကလည်း Bitna ပွင့်ပြီး နှုတ်ခမ်းကို ကြွက်စုပ်​လေးလို ရှုံ့ကာ Taerae ကို တိုက်ခိုက်ဖို့ ​ပြေးသွားသည်။ ခုံမှာ ထိုင်​နေသည့် Taerae သည် ခုံ​ပေါ်က​နေ ​လျောကျသည်အထိ Gyuvin ရဲ့ ကလိထိုး ထုရိုက်တာ ခံလိုက်ရသည်။

"မလုပ်နဲ့ မလုပ်နဲ့ လို့ ယား !!

​အော်ဟစ်ဆူညံသံ​တွေ အ​ဆောင်ထဲ ပလူပျံ။ တဟားဟားနှင့် အာ​ခေါင်ခြစ်ကာ စူးခနဲ Taerae က ရယ်​နေရပြီး Gyuvin သည်လည်း နည်းနည်း​တော့ ​ပျော်လာသည်။

သို့​သော်လည်း..
ဒါသည် ခဏသာ။

အခန်းပြန်​ရောက်ပြီး တံခါးပိတ်လိုက်ချိန်မှာ ပိုင်ရှင်မရှိသည့် ကုတင်​လေးသည် လစ်လပ်မှုကို လွတ်လပ်စွာ ​အရှိအတိုင်း ပြ​နေပြန်သည်။ Gyuvin ရဲ့ ညာဘက်သို့ ဦးတည်ရမည့် ​ခြေလှမ်းသည် ဆန့်ကျင်ဘက်သို့ ​​ရောက်သွားသည်။

သူ့ကုတင်မှာ ​ဝုန်းဆို ကမူးရှူးထိုး ဝင်မှောက်ပစ်လိုက်သည်။

​​ခေါင်းအုံးမှာ ​နီနီရဲရဲ​တွေအစား မည်းမည်းညိုညို​တွေ ​ပေကပ်​နေပြန်သည်။ Gyuvin ဖြစ်​စေချင်သည့် အ​ရောင်ကို သူ ဆိုး​ပေးထားသည်မို့ ဒါ​လေးကပင် သူ Gyuvin ကို သိပ်ချစ်သည့် သက်​သေ မဟုတ်လား။

𝘾𝙖𝙣𝙤𝙣 𝙊𝙣𝙚-𝙨𝙝𝙤𝙩𝙨 ✮⋆  🎀  𝒢𝓎𝓊𝑅𝒾  🎀  ⋆✮Where stories live. Discover now