သတိပေးချက် ⧉ ဒါလေးက Fiction ပေမယ့် Canon universe ပါ။ အရမ်း Sensitive ဖြစ်တဲ့သူ ဆိုရင် မဖတ်ဖို့ အကြံပြုချင်ပါတယ်ဗျ။ ကျေးဇူးပါဗျ။
⧉ 𓃲 ⧉ 𓃠 ⧉
နောက်ကျမှ အိပ်ဖြစ်သော်လည်း မနက်မိုးမလင်းခင် နိုးနေမိသည်။ ကုတင်ပေါ် ထထိုင်ပြီး ခေါင်းအုံးကို ဖက်ထားရင်းကနေ တဖက်ခြမ်းကို ငေးသည်။ အဲ့ဒီမှာ စောင်တွေထဲ လူးနယ်ထားသလို မှောက်ခုံလေး အိပ်ပျော်နေသော သူငယ်ချင်းချစ်သူလေး ရှိသည်။
ဒါသည် Gyuvin ရဲ့ (Ricky သီးခြား Schedule မရှိရင်) လုပ်နေကျ နိစ္စဒူဝအကျင့်။
မျက်နှာမသစ်ခင်
မျက်စိအစာကျွေးပြီး
နှလုံးသားအာဟာရ ဖြည့်ခြင်း ။..Ricky Shen ဖြင့် ။
"ဟေ့ကောင် ထတော့ မင်း လေဆိပ်ဆင်းရမှာမလား"
မျက်စိနှစ်လုံး ဖွင့်တာနဲ့ ဘေးကုတင်မှာ ဒီသူငယ်ချင်းအား တွေ့မြင်ရတာကို ရိုးမသွားနိုင်သော Gyuvin အတွက် ဒီနေ့တော့ ကိုယ့်ကိုယ်ကိုလည်း အလိုလိုက်လို့ မဖြစ်။ Ricky ကိုလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပါစေ လို့ စေတနာထားလို့ မဖြစ်။
"ထတော့ လို့ ပြောနေတယ်လေ Ricky Shen ! WAKE ! UP ! NOW !
Gyuvin လှမ်းအော်နှိုးသည့်အခါ Ricky သည် စောင်ကို ကန်ပစ်ပြီး ဆန္ဒပြသည်။ နှစ်ကူးမှာ မိသားစုနဲ့ ပြန်တွေ့ဖို့ သူပဲ ကုမ္ပဏီကို မရမက တောင်းဆိုထားပြီး အခုကျ အိပ်ရာမထရရေး သူ့အရေး လို။
"စောစောက Alarm မြည်တာ မင်း ထပိတ်လိုက်တာ မလား အဲ့ဒါနဲ့ မင်း နောက်ကျတော့မယ်"
ပုံမှန်ဆို Gyuvin လည်း ဒီအချိန် နိုးတတ်တာ မဟုတ်။ Schedule ရှိရင်သာ အစ်ကိုတွေ စောင့်နေရမလား စိုးရိမ်သဖြင့် အတတ်နိုင်ဆုံး ဒုက္ခမပေးမိအောင် အိပ်ရာစောစော ထသည်။ Ricky ကတော့ သေချာပေါက် ကမ္ဘာကြီးရဲ့ ဝင်ရိုးလို လူ။ သူ့ပေါ် မူတည်ပြီး လည်ပတ်ရသော.. သူတို့ရဲ့ အဆောင်ကနေ ထွက်ခွါချိန်သည် ပုံသေမရှိ။ Ricky က ဘယ်လောက်ပြောပြောကို မရ။ ဘယ်လိုဆူဆူ မသိချင်ယောင်ဆောင်သည်။ အလုပ်ထိခိုက်လောက်သည့် အနေအထား မဟုတ်တော့လည်း သူ့ကို မန်နေဂျာက ဆုံးမရင်တောင် Gyuvin က စကားကို လျော့ပေါ့ပြီး ဘာသာပြန်ပေးသည်။ သူ့ကို Hanbin က နားချရင်တောင် Gyuvin က သူ မသိအောင် နောက်ကွယ်မှာ အယူခံဝင်ပေးတတ်သည်။
YOU ARE READING
𝘾𝙖𝙣𝙤𝙣 𝙊𝙣𝙚-𝙨𝙝𝙤𝙩𝙨 ✮⋆ 🎀 𝒢𝓎𝓊𝑅𝒾 🎀 ⋆✮
Fanfiction[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 ••• GyuRi Canon Oneshots•••