summary

2K 69 1
                                    

Unicode>>>

ရှန်စေးဟာ သာမန်လူအနေဖြင့် သာမန်ဘဝလေးအား ဖြတ်သန်းနေပြီး တရက်မှာတော့ unlimited flow ကမ္ဘာကြီးဟာ ပြိုလဲသွားကာ အသက်ရှင်ကျန်ရစ်သူအားလုံးသည် လက်တွေ့ကမ္ဘာသို့ ပြန်ရောက်လာကာ ဂယက်တခုအားဖန်တီးလိုက်ပါလေရဲ့။

သူ့ရဲ့ နူးညံ့တဲ့ အိမ်နီးနားချင်း‌ကောင်းလေး ပိုင်ကျွင်းယီဟာ တဖက်ကမ္ဘာတွင် ယုံကြည်ခြင်းစွမ်းအားဖြင့် ကမ္ဘာကြီး၏ စည်းမျဉ်းများကိုပင် လှုပ်ခတ်နိုင်သော အလင်းနတ်ဘုရားဖြစ်နေလေသည်။

သူ့ကို မြတ်နိုးလွန်းသော ရည်းစားဟောင်းဖြစ်သူ ကျန်နျန့်ဟာလည်း သရဲတစ္ဆေများနှင့် နတ်ဘုရားများပင် ဖိန့်ဖိန့်တုန်အောင်ကြောက်ရသော သတ်ဖြတ်ခြင်းနတ်ဘုရားဖြစ်ကာ, သူ၏ ကောလဟာလများသည်လည်း တခုထက်တခု ဆိုးရွားလွန်းလှသည်ပင်.

သူ့ရဲ့ သွေးဝေးဝမ်းကွဲတဦးဖြစ်ပြီး တခါမျှပင် မြင်ဖူးခြင်းမရှိသော ရှီလော့သည်လည်း မရေမတွက်နိုင်စွာသော သရဲတစ္ဆေများနှင့် မကောင်းဆိုးဝါးများကို ဦးဆောင်လျက်ရှိသော unlimited flow ကမ္ဘာကြီး၏ အမှောင်ဘက်ခြမ်းမှ ဘော့စ်တစ်ယောက်ဖြစ်သည်။

သာမန်လူသားလေး ရှန်စေးသည်ရော မည်သူနည်း။

ဖြတ်သွားဖြတ်လာလူအုပ်: ဒီလောက်များတဲ့ သာ့ကောတွေနဲ့ သူကအဆက်အဆံရှိတာ, ဒီတယောက်က နောက်ကွယ်က အင်အားအကြီးဆုံးလူပဲဖြစ်ရမယ်ကွ!

unlimited flow ဆိုတာက နိုဘယ်လ်တွေထဲမှာ လူတွေဟာ ကမ္ဘာအစစ်ထဲကနေ ထူးခြားတဲ့ နေရာတွေဆီကို ဆွဲသွင်းခံရပြီး ယေဘုယျအားဖြင့် ပဟေဠိများ၊ survival တို့ ဒါမှမဟုတ် ဟော်ရာဂိမ်းတွေက taskတွေကို ပြီးအောင်လုပ်ရတာကိုခေါ်တာပါ။ unlimited flow (aka infinitive flow aka 无限流) သည် infinitive horrorဆိုတဲ့ စကားလုံးကနေဆင်းသက်လာတာဖြစ်ပြီး unlimited flow ဝတ္ထုအများစုမှာ subspaces/instances တွေမှာ လူ‌တွေအများကြီးက ဂိမ်းမအောင်တာကြောင့် သေတာတွေလည်းပါပါတယ်။

-----

Zawgyi >>>  








ငါက တကယ့်သာမန်လူတယောက်ပါလို့! ! !Where stories live. Discover now