အပိုင်း (၂) - ပျောက်ဆုံးနေခဲ့သော အိမ်နီးချင်း

172 25 1
                                    

 Unicode>>>>>

အပိုင်း (၂) - ပျောက်ဆုံးနေခဲ့သော အိမ်နီးချင်း

ငလျင်လှုပ်ပြီး တပတ်အကြာတွင် ကမ္ဘာကြီးသည် ကြီးမားသော အပြောင်းအလဲများအား လက်ခံနေစဉ်သာရှိသေးသည်။ ကမ္ဘာပျက်ခြင်းသီအိုရီနှင့် ဆင့်ကဲပြောင်းလဲခြင်းသီအိုရီတို့သည်လည်း အင်တာနက်တခွင်ပျံ့နှုံလျက်ရှိကာ အငြင်ပွားမှုများသည်လည်း ၃ ခုထက်မနည်းရှိလေရာ, များစွာသော အွန်လိုင်းစစ်တမ်းပေါ်ပေါက်လာကာ, တချို့သည် ငြင်းခုံခြင်းနှင့် ပြဿနာများကိုပင် အစပျိုးခဲ့လေသည်။

ရှန်စေးသည် ကမ္ဘာပျက်သည်ဖြစ်စေ, ဆင့်ကဲပြောင်းလဲသည်ဖြစ်စေ ခံစားချက်တစုံတရာမရှိပေ။ သူသည် အရမ်းကြီးစိတ်ပူခြင်းမျိုးလည်းမရှိသလို ထိုလူငယ်များကဲ့သို့ ရည်မှန်းချက်များနှင့် ပြည့်နေခြင်းမျိုးလည်း မရှိပေ။ သူအတွက် အနည်းငယ်စိတ်ပူစေသောအရာမှာ ငလျင်ပင်။ ငလျင်ကြောင့်ပင် ခရီးသွားအေဂျင်စီသည် ခေတ္တခဏပိတ်လိုက်ရပြီး သူသည်လည်း ကုမ္ပဏီဖွင့်မည်ကို အိမ်တွင်ထိုင်စောင့်နေရလေသည်။

အလုပ်သမားများအတွက် အရေးကြီးဆုံး စိတ်ပူစရာသည် အားလပ်ရက်များသည် ပိုက်ဆံနှင့် ဟုတ်မဟုတ်ကိုပင်။

*ဘာသာပြန်မှတ်စု... တချို့နိုင်ငံတွေမှာ အားလပ်ရက်မှာပါ လုပ်အားခ အပြည့်ပေးတာမျိုးရှိပါတယ်

၂၄ နာရီကုန်စုံဆိုင်မှ နေ့လည်စာနှင့် အိမ်ပြန်လာချိန်တွင် ရှန်စေးသည် သူ၏ အိပ်ထောင်သို့နှိက်ကာ သော့များအား ဆွဲထုတ်ရင်း ဓါတ်လှေကားပွင့်သံကြားလိုက်ရလေသည်။

ဓါတ်လှေကား? ရှန်စေးတယောက်တည်းသာ အနှီအထပ်မှာ နေတာဖြစ်သည်, ဘေးအိမ်ကများ ရောင်းလိုက်ရပြီလား?

ရှန်စေးသည် ဓါတ်လှေကားစီသို့ ကြည့်နေရာ ယောက်ျားတယောက်အတွင်းမှ ထွက်လာလေသည်။ သူသည် အနက်ရောင် suit အား ရွှေကွပ်ထားသော မျက်မှန်နှင့် တွဲဝတ်ထားပြီး နူးညံ့သော အပြုံးသည်လည်း သူပေါ်လာသည်နှင့်တပြိုင်နက် ကပ်ပါလာလေသည်။ သူ၏ ရုပ်ရည်သည်လည်း စိတ်ပျက်စရာမဟုတ်ပေ။ ရှန်စေးသည် တံခါးပွင့်လာချိန်တွင် အနည်းငယ်အံ့ဩစွာ ရပ်တန့်သွားရလေသည်။

ငါက တကယ့်သာမန်လူတယောက်ပါလို့! ! !Where stories live. Discover now