Seoul မြို့ရဲ့အေးစက်တဲ့ညတစ်ညက မင်ဂျောင်းရဲ့အိမ်မက်ထဲထိပါ ကူးစက်လာခဲ့ပြီး နွေးထွေးမှုတွေကိုပါ ပျောက်ကွယ်သွားစေခဲ့သည်။
နိုးထလာရခြင်းသည် မျက်ရည်စများနှင့်။
ညက အိမ်မက်ထဲမှာ ရီနာကို တွေ့လိုက်ရတာ။
မင်ဂျောင်းဆီ ပြန်လာတာမဟုတ်ဘဲ ဟိုးအဝေးကြီးကို ထွက်သွားမယ့်ပုံစံနဲ့ ရီနာကိုတွေ့လိုက်ရတာ။
အဝေးဆုံး ဘယ်ထိဝေးနိုင်မလဲ ရီနာ။
အဝေးတကာ့ အဝေးဆုံးထိတော့ ငါတို့ မရောက်ကြသေးဘူးထင်ပါတယ်။အိမ်မက်ထဲမှာတော့ မင်ဂျောင်းက ရီနာကို တားနေခဲ့သည်။
ထွက်မသွားဖို့ အနားမှာပဲ ဆက်ရှိနေပေးဖို့ ထပ်ခါတလဲလဲတောင်းဆိုနေခဲ့သည်။
လက်တွေ့မှာ မဖြစ်ခဲ့တဲ့ အရာတစ်ခုကို မက်ခဲ့တဲ့ အိမ်မက်ပဲ။ဒါပေမယ့် ရီနာက ..
ထွက်သွားသည့်သူမက မင်ဂျောင်းကို တစ်ချက်တောင် လှည့်မကြည့်ခဲ့ပါဘူး။
မင်ဂျောင်းလှမ်းအောင်လိုက်တဲ့ "ချစ်တယ်" ဆိုတဲ့ နောက်ဆုံးစကားကိုလည်း သူမကြားမသွားခဲ့ပါဘူး။အိမ်မက်က လက်တွေ့ထက်တောင် ဆိုးနေပါ့ရောလား။
ဒီလို အိမ်မက်မျိုးတွေ ဆက်မမက်တော့ရင်ကောင်းမယ်။
အဲ့ဒါဆို မနက်ခင်းတွေမှာ မျက်ရည်တွေနဲ့အတူ နိုးထစရာမလိုလောက်တော့ဘူး။____
"ဒီနေ့ ရှိုးမှာ fanတွေတောင်းတဲ့သီချင်းကို မင်းဆိုပြရမယ် အဲ့အတွက် အဆင်ပြေမလား"
"သေချာလေးလုပ်ခဲ့ အေဂျင်စီက အများကြီးမျှော်လင့်ထားတာ သိတယ်မလား"မင်ဂျောင်းပြန်ဖြေမယ့် စကားသံကိုတောင်မစောင့်ဘဲ မန်နေဂျာက သူပြောချင်တာတွေ တရစပ်ပြောနေလေသည်။
"မြန်မြန်သွား လူတွေစောင့်နေကြပြီ"
ဒါပေမယ့် အဲ့သည်လို တရစပ်ပြောနေသည့် မန်နေဂျာ၏ စကားသံများသည် မင်ဂျောင်းနားထဲ ဝင်တစ်ချက် မဝင်တစ်ချက်။
အေဂျင်စီကောင်းကျိုးကိုသာကြည့်ပြီး အထက်လူကြီးတွေကို ကပ်ဖားယက်ဖားလုပ်တတ်တဲ့ မန်နေဂျာရဲ့ ဟန်ဆောင်အားပေးစကားတွေက မင်ဂျောင်းအတွက် ဘယ်လိုမှ စိတ်ခွန်အား မဖြစ်စေနိုင်ပါ။
ညက အိမ်မက်ကြောင့် တစ်ရေးနိုး ထငိုနေမိတာမလို့ မနက်တည်းက လူက အားမရှိသလို။
ရှိုးကို အဆင်ပြေပြေ တင်ဆက်ပေးနိုင်ပါ့မလားတောင် မင်ဂျောင်း စိုးရိမ်မိသည်။အနည်းငယ် စိတ်လှုပ်ရှားနေပေမယ့် တအားကြီး ရင်တွေခုန်နေတာမျိုးတော့ လဲ မဟုတ်ဘူး။
ပတ်ဝန်းကျင်ကြောင့် မင်ဂျောင်း စိတ်အခြေအနေတွေ မပြောင်းလဲနိုင်တော့တာတောင် ကြာပြီ။
အပြုံးအရယ် နည်းလာတယ်လို့ ပြောကြပေမယ့် တကယ်တော့ မဖျက်ရသေးတဲ့ ရီနာနဲ့ တွဲရိုက်ထားတဲ့ ဖုန်းထဲက ပုံဟောင်းလေးတွေကို ပြန်ကြည့်ရင် မင်ဂျောင်း အနည်းဆုံးတော့ ပြုံးနေတတ်ပါသေးတယ်။
ရုတ်တရက် သတိရလိုက်မိတာက ဒီနေ့ သူမတို့လမ်းခွဲခဲ့တာ တစ်နှစ်ပြည့်ပြီပဲ။
နေ့စွဲက ခေါင်းထဲပေါ်လာတာ ဘာလို့များ မှတ်မိနေရတာလဲ။
အချိန်တွေကုန်တာ အဲ့လောက်တောင်ကြာသွားပြီလား။
တစ်နှစ်တဲ့ ရီနာ။ နင်ငါ့နားမရှိခဲ့တဲ့ တစ်နှစ်။ အရမ်းပင်ပန်းရတယ် ရီနာရယ်
"နင်ကောင်းကောင်းလုပ်နိုင်မယ်ဆိုတာ သေချာတယ် မင်ဂျောင်း ဖိုက်တင်းးး"
"ငါ့အချစ်လေးထက်တော်တာ ဘယ်မှာရှိလို့လဲ
စိတ်ပူမနေနဲ့ အကုန်အဆင်ပြေသွားမှာ ""စင်အောက်ကနေ ငါအားပေးနေမယ်"
"ငါ့အတွက်ပဲ ဖြစ်ဖြစ် အကောင်းဆုံးဖျော်ဖြေပေးနော်"
Record ဖမ်းထားတဲ့ အရင်က voice message လေးတွေကို ဖွင့်ရင်း ရှိုးအတွက် မင်ဂျောင်းအားယူရတယ်။
ရီနာ...
အနားမှာမရှိတော့ပေမယ့် နင်က ငါ့အတွက် အားအင်တစ်ခုဖြစ်နေဆဲပဲ ရီနာ..____
YOU ARE READING
"Best Part" (Complete)
FanfictionIf life is a movie, and I know you are the best part .♡ Best part သီချင်းလေးကို ဖွင့်ထားစေချင်ပါတယ်။