ဘယ်က ဘယ်လိုစလွဲခဲ့ကြသလဲ။
ဘာတွေလွဲခဲ့ကြသလဲ။နားလည်မှု။
အနည်းငယ်လေးလွဲချော်သွားတဲ့ နားလည်မှုကြောင့် ခု သူမတို့နှစ်ယောက်က ဝေးကွာနေရတာလား။ရီနာကလဲ အနုပညာရှင်တစ်ယောက်။
မင်ဂျောင်းကလဲ အနုပညာရှင်တစ်ယောက်။
နှစ်ယောက်လုံးက အနုပညာကို ရွေးချယ်ခဲ့ကြတာ။မင်ဂျောင်းဘဝမှာ ရီနာက နံပါတ်တစ်ပါ။
ဒါပေမယ့် ရီနာ့ဘဝမှာတော့ အနုပညာက နံပါတ်တစ်ဖြစ်နေခဲ့တယ်။
အဲ့တာကပဲ သူတို့နှစ်ယောက်ကို ဝေးကွာသွားအောင်လုပ်ခဲ့တာများလား။
တစ်ယောက်အကြောင်းတစ်ယောက် သိပ်နားလည်ခဲ့ကြရာကနေ အခြေအနေတွေက အကုန်အချိန်တစ်ခနလေးအတွင်းမှာ ပြောင်းကုန်တာပဲ။အဆိုးရွားဆုံး ဖြစ်စေခဲ့တဲ့အရာက
အေဂျင်စီ မတူခဲ့တာပဲ။
ဘာကမှ ကြီးမားတဲ့ ပြဿနာမဟုတ်ဘူးလို့ ထင်ထားခဲ့တာ။
အဲ့တာကြောင့် စစချင်းတုန်းက ပြဿနာလို့ကို မမြင်ခဲ့တာ။
ပွင့်ပွင့်လင်းလင်းနဲ့ နှစ်ဖက်စလုံးကို မင်ဂျောင်းတို့ဆက်ဆံရေးကို ဖွင့်ပြောထားပြီးသား။
ရီနာရော မင်ဂျောင်းရော
အေဂျင်စီတွေက ပေးတဲ့ အဆောင်တွေကို ပြောင်းရတော့ လေ့ကျင့်ရတာတွေရယ် တင်းကျပ်လွန်းတဲ့ စည်းမျဉ်းစည်းကမ်းတွေရယ်ကြောင့်
နှစ်ယောက်မတွေ့ဖြစ်တဲ့ အချိန်များလာခဲ့တယ်။
ရီနာရော မင်ဂျောင်းရောက ဒီလို မတွေ့ကြရုံနဲ့ ဝေးသွားကြမယ့် လူတွေ မဟုတ်ဘူးလို့ ထင်ထားခဲ့တာ။စိတ်ကူးနဲ့ လက်တွေ့က တက်တက်စင်အောင်လွဲလာတဲ့အခါကျ နှစ်ယောက်စလုံးကလည်း ဖြေရှင်းဖို့နည်းကို မေ့လျော့နေခဲ့ကြတယ်။
အချိန်မပေးနိုင်တဲ့ ဆက်ဆံရေးကို တည်မြဲမယ်ထင်ခဲ့တာ မင်ဂျောင်းတို့ နှစ်ယောက်စလုံးရဲ့ အမှားပဲ။အမြဲတမ်း အချိန်ရတိုင်း
မင်ဂျောင်းရဲ့ နူးညံ့တဲ့စကားတွေ
ရီနာရဲ့ နွေးထွေးတဲ့စကားတွေ
အပြန်အလှန် အားပေးမှုတွေကို
ဖုန်းကတစ်ဆင့် ဆက်သွယ်နေခဲ့ကြရုံနဲ့ ဝေးသွားတယ်လို့ကို မခံစားရလောက်ဘူး။
အကွာအဝေးဆိုတာလဲ သိပ်အရေးမပါဘူးလို့ ထင်ခဲ့ပေမယ့်
အလိုအပ်ဆုံး အခြေအနေတွေ
အပင်ပန်းဆုံးအခြေအနေတွေမှာ အချင်းချင်း အနားမှာ ရှိမနေခဲ့ကြဘူး။
တစ်ယောက်နဲ့တစ်ယောက် လက်မလွှတ်လိုက်ရဖို့ ဆုပ်ကိုင်ထားရမယ့် လက်တွေက နီနီးကပ်ကပ်ရှိမနေခဲ့ကြတာ ဘယ်တတ်နိုင်ပါ့မလဲ။
ဖိအားတွေကို တောက်လျှောက်ကြုံလာရတဲ့အခါ စိတ်ဓာတ်မခိုင်မာခဲ့တာလဲ မင်ဂျောင်းအမှားတွေ၊ မင်ဂျောင်းအပြစ်တွေကြီးပါပဲ။
တစ်ယောက်တည်း အတွေးတွေလွန်ပြီး အမှန်က မင်ဂျောင်း အထီးကျန်ပြီး
သူမရဲ့ရီနာ့ကိုပါ အထီးကျန်စေခဲ့တာ
ဖုန်းကို စိုက်ကြည့်နေရုံပဲ ဝင်လာတဲ့ စာတွေကို မပြန်ဖြစ်တော့တဲ့ မင်ဂျောင်း..
ခံစားချက်တွေ ပြောင်းသွားခဲ့တာမဟုတ်ဘဲ
နေ့ညမပျက် လေ့ကျင့်ရတာကြောင့် စိတ်ဓာတ်တွေ တအားကျနေရတဲ့ အချိန်မှာ ရီနာရဲ့ ထွေးပွေ့မှုကို လိုအပ်နေခဲ့တာ။
ဖုန်းထဲက စာတိုလေးတွေကို ဖတ်ရုံနဲ့ ရီနာရဲ့ အားပေးမှုေတွက မသက်ေရာက်နိုင်တော့ဘူး။
အသံလေးကြားရရုံနဲ့ အရာရာ အဆင်ပြေမနေတော့ဘူး။
လွမ်းနေခဲ့တာ သိပ်ကို။
YOU ARE READING
"Best Part" (Complete)
FanficIf life is a movie, and I know you are the best part .♡ Best part သီချင်းလေးကို ဖွင့်ထားစေချင်ပါတယ်။