Best part (3) "go"

7 1 0
                                    

"Best Part"

.
.
.
.

Karina & Min jeon

မင်ဂျောင်းတို့ နှစ်ယောက် စစသိသည့် အချိန်
မျက်ဝန်းနှစ်စုံထပ်တူကျခဲ့တဲ့ အချိန်
ရီနာရဲ့ မျက်ဝန်းတွေနဲ့ မင်ဂျောင်းရဲ့ မျက်ဝန်းတွေ .
အကြည့်ချင်းစုံမိသွားတဲ့ ပထမဆုံးအခိုက်အတန့်မှာတောင် နှစ်ယောက်လုံး ဘယ်သူကမှ အကြည့်တွေကို ဖယ်ခွာမသွားခဲ့ကြဘူး။

ကမ်းလာခဲ့တဲ့ ရီနာရဲ့ လက်တစ်စုံကို မင်ဂျောင်းကလည်း လိုလိုချင်ချင် ဆီးကြိုခဲ့သည်။

လှမ်းလာဖို့ စေခိုင်းခဲ့တဲ့ ရီနာ့လက်တွေမှာ မြတ်နိုးခြင်းကြီးစွာနဲ့ မင်ဂျောင်း ငြိတွယ်မိခဲ့သည်။

အထက်တန်းကျောင်းကို အသစ်ရောက်လာတဲ့ ကာရီနာ ဆိုတဲ့ နာမည်လှလှလေးနဲ့ ကောင်မလေးက ကျောင်းပြောင်းလာလာချင်းပဲ မင်ဂျောင်းအတွေးထဲမှာ နေရာယူထားခဲ့ပြီးသားဖြစ်နေခဲ့သည်။

ရင်းနှီးမှု ရလာတာနဲ့အမျှ ဂရုစိုက်မှုတွေ အရေးပါမှုတွေ လိုအပ်မှုတွေ တဖြည်းဖြည်းနဲ့ တိုးလာခဲ့ကြပြီး  လှပတဲ့ သံယောဇဉ်လေးတွေ ပေါ်ပေါက်လာခဲ့ကြသည်။

သိပ်ကို ကြည်နူးစရာကောင်းတယ်မလား။ သာမန်ရိုးရှင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဆိုပေမယ့် မင်ဂျောင်းအတွက်တော့ ကြည်နူးစရာကောင်းလွန်းတယ်။ တစ်ဖက်လူက ရီနာဖြစ်နေလို့ကို ကြည်နူးနေမိတာ။

တစ်ယောက်ကိုတစ်ယောက် နှုတ်ကဖွင့်ဟစရာတောင်မလိုဘဲ ခံစားချက်တွေကို နားလည်ခဲ့ကြပြီး
New year ညမှာ ပေးခဲ့တဲ့ အနမ်းတစ်ခုနဲ့ ဆက်ဆံရေးကို သိပ်ကိုလှတဲ့ အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်ကို တရားဝင် ရောက်ရှိသွားစေခဲ့ကြသည်။

"ချစ်တယ် မင်ဂျောင်း ငါနင့်ကို အရမ်းချစ်တာ သိလား"
အဲ့ဒီညမှာ ဖွင့်ပြောခဲ့တဲ့ ရီနာရဲ့ စကား။

ကြယ်တွေ စုံနေတဲ့ကောင်းကင်ကြီးကပဲ လှနေခဲ့တာလား၊ မီးပန်းတွေကပဲ လှနေခဲ့တာလား ဒါမှမဟုတ် ရီနာရဲ့ ချစ်တယ်ပြောတဲ့စကားတွေက လှခဲ့တာလားဆိုတာ စဉ်းစားကြည့်လိုက်တိုင်း သေချာပေါက် သိပ်ကို လှခဲ့တဲ့ ညတစ်ညက ရီနာရဲ့ စကားတွေကြောင့်သာ ဖြစ်တည်လာခဲ့ခြင်း ဆိုတဲ့ အဖြေကသာ ဦးဆုံးထွက်လာခဲ့သည်။

"Best Part" (Complete)Where stories live. Discover now