ရီနာဆီက ဘယ်လိုစကားမျိုးကိုမှ နားထောင်ဖို့ ခံနိုင်ရည်မရှိတော့တာမလို့ ဒီအတိုင်းပဲ ထိုနေရာကနေသာ ပြေးထွက်လာခဲ့သည်။
ဘာမှမရှိတော့ဘူးလို့ ခံစားရတဲ့ခံစားချက်။
ကြီးကြီးမားမား အရာတစ်ခုကို ဆုံးရှုံးလိုက်ရတယ်ဆိုတဲ့ ခံစားချက်။
နှစ်သိမ့်မှု၊ အားပေးမှုတွေ အလိုအပ်နေဆုံးသော အချိန်၊ အဲ့ဒီအချိန်မှာမှ
မင်ဂျောင်းဆီမှာ ရှိခဲ့တဲ့ တစ်ဦးတည်းသော ရီနာကပါ အဝေးကို ရောက်နေတယ်လို့ ခံစားရတဲ့ ခံစားချက်။
အဲ့ဒီအသိက မင်ဂျောင်းကို ရူးမတတ်ဖြစ်စေတယ်။ အသက်ရှုရတာ မဝတော့သလိုပဲ။
တစ်ခြားအသိတွေနဲ့ မိတ်ဆက်ပေးတိုင်း ဒါရီနာ့ရဲ့ သိပ်ချစ်ရတဲ့ ကောင်မလေးလေ ဆိုပြီး ပြောတတ်တဲ့ ရီနာက အခူချိန်မှာ ဒီအတိုင်း သိကြတဲ့ ဆက်ဆံရေးလိုဖြစ်နေတာလား။
ဘာလို့လိမ်ပြောရတာလဲ။ ဘာလို့ ဖုံးကွယ်ချင်ရတာလဲ။ ဘာလို့ တစ်ခြားအမြင်တွေကို ဂရုစိုက်နေရတာလဲ။
အကုန်လုံးကို မုန်းတီးမိတယ်။ အရာအားလုံး။ ရီနာ့ကိုရော....
ရှုပ်ေထွးနေတဲ့ စိတ်တစ်ခုနဲ့ အမြန်သာ ခြေဦးတည့်ရာ လျှောက်နေမိတော့ ကားဟွန်းတီးသံတစ်ခုကို ကျယ်လောင်စွာ ကြားလိုက်ရချိန်မှာ
သူမလက်ကို တစ်ယောက်ယောက်က ဘေးကို လှမ်းဆွဲလိုက်တယ်။
စိတ်က အားမရှိတာမို့ လူကပါ လှမ်းဆွဲလိုက်တဲ့နောက်ပါသွားတယ်။"မင်ဂျောင်း.. နင်ဘာဖြစ်နေတာလဲ သေချင်နေတာလား
ကားတစ်စီးလုံးလာနေတာတောင် မမြင်ဘူးလား"ရီနာ။ သူမကို လှမ်းဆွဲလိုက်တာ ရီနာပဲ။
"ဘာလို့ ဆွဲလိုက်တာလဲ တစ်ခါတည်းသေသွားရမှာ"
"ဘာ မင်ဂျောင်း "
"ငါ့ကိုလာအော်မနေနဲ့ ကာရီနာ"
"ဘာတွေဖြစ်နေတာလဲ မင်ဂျောင်း လာ ငါနဲ့လိုက်ခဲ့ စိတ်လျှော့ ဟုတ်ပြီလား"
"မလိုက်ဘူး"
"မင်ဂျောင်း ငါစိတ်ကုန်လာပြီ လာပါဆို "
စိတ်ကုန်တယ်?။ မင်ဂျောင်းက သိပ်ကို လွမ်းနေခဲ့ရလို့ ရူးမတတ်ဖြစ်နေရချိန်မှာ ရီနာ ရီနာကတော့ သူမသိပ်ချစ်ရတဲ့ ရီနာ က စိတ်ပါကုန်သွားတာလား။
ဘာမှကို မင်ဂျောင်းဆက်မပြောနိုင်တော့ဘူး။ ထိုနေရာကနေလဲ တစ်လှမ်းမှမရွေ့နိုင်တော့ဘူး။ ဖြတ်သွားဖြတ်လာတစ်ယောက်စနှစ်ယောက်စ သူမတို့ကို ကြည့်သွားကြပေမယ့် မျက်နှာတွေကို မမှတ်မိကြပါဘူး။ ဘယ်သူကမှလဲ တောက်ပလာမယ့် ကြယ်ပွင့်တွေလို့ နာမည်တပ်ခံနေတဲ့ ကာရီနာနဲ့ Winter တို့ကို ဒီလိုနေရာမှာ ဒီလို အကွဲကွဲအပြဲပြဲရန်ဖြစ်နေတဲ့ ငိုယိုနေကြတဲ့ ပုံစံနဲ့ မြင်ရမယ်လို့ မထင်ကြဘူးလေ။
YOU ARE READING
"Best Part" (Complete)
FanficIf life is a movie, and I know you are the best part .♡ Best part သီချင်းလေးကို ဖွင့်ထားစေချင်ပါတယ်။