"how far". 🔚

7 1 0
                                    

ပြန်တွေးကြည့်လိုက်တိုင်း ခက်ခက်ခဲခဲ စဉ်းစားစရာတောင်မလိုဘဲ အတိအကျ အရာအားလုံးဟာ ပြတ်ပြတ်သားသား ရှိနေဆဲပဲ။
အလကားသက်သက် လမ်းခွဲလိုက်ကြတာပါပဲ။
အပြစ်တင်ရင် မင်ဂျောင်း အမှားတွေကြီးပဲ။
ဘာတွေတွေးနေခဲ့လဲဆိုတာ မင်ဂျောင်းခုချိန်ပြန်စဉ်းစားရင် ကိုယ့်ကိုယ်ကိုယ်ပဲ ဒေါသထွက်မိသည်။
သိပ်ချစ်ကြတဲ့ လူတစ်ယောက်ကို ပထမဆုံးအကြိမ်စကားများခြင်းကြောင့် လမ်းခွဲလိုက်မိသည်တဲ့။
လအနည်းငယ်လောက်ပဲ ကြာသေးတယ်ဆိုပေမယ့်
မင်ဂျောင်း ဝေးကွာမှုကို သိပ်ကို မုန်းတီးနေမိပြီ။
ဘာမှမပတ်သက်တော့ဘူးဆိုတဲ့ အသိကို လက်ဝယ်ပိုက်ထားရတာ သိပ်ကို နာကျင်စရာကောင်းတယ်။
ပြန်စတင်ဖို့  အဲဒီစကားကို ပြောနိုင်ဖို့တောင် အခွင့်အရေးရှိသေးရဲ့လားမသိဘူး။
တကယ်စိတ်ကုန်မယ်ဆိုလဲ ကုန်ချင်စရာ ပဲမလား ရီနာ။
ရီနာသေချာပေါက်စိတ်ပျက်သွားလောက်ပါတယ်။
မင်ဂျောင်းရဲ့ မဆင်ခြင်တတ်တဲ့ မထိန်းချုပ်တတ်တဲ့ အတွေးတွေ။ အထင်တွေ၊ အမြင်တွေ သက်သက်နဲ့ လမ်းခွဲခဲ့ကြတာ။

အခုလက်ရှိ မင်ဂျောင်း အတိတ်ကိုလွမ်းတယ်။
အတိတ်ကိုလွမ်းရင် ပစ္စုပ္ပန်မှာ မျက်ရည်ကျရတာပဲ။
မေ့ဖျောက်သွားရင်ကောင်းမလားမသိပေမယ့် မင်ဂျောင်းမှ မမေ့ချင်တာ။
ရနေကြ အငွေ့အသက်လေးတွေ မရတော့ရုံ။
မြင်နေကြ မျက်ဝန်းပြာလေးတွေကို မတွေ့ရတော့ရုံ။
ကြားနေကြ ရယ်သံလေးတွေနဲ့ ခပ်တိုးတိုးစကားသံတွေမရှိတော့ရုံ။
အဲ့ဒီလောက်နဲ့တင် မင်ဂျောင်း ကမ္ဘာက အထီးကျန်ဆန်သွားရတယ်။

......
Best part

"best part"

မင်ဂျောင်းရဲ့  ဂစ်တာလေးကို လွယ်လိုက်တယ်။
တီးဝိုင်းကို ဘာမှ မတီးပေးဖို့ လှမ်းပြောထားလိုက်တယ်။
ဒီသီချင်းကို ဂစ်တာသံတစ်ခုနဲ့ပဲ မင်ဂျောင်းဆိုရတာ နှစ်သက်တာမလို့။
ရီနာလည်း နှစ်သက်တာမလို့။

ဂစ်တာကို ပုံမှန် ရီနာတီးနေကြဆိုပေမယ့် ဒီတစ်ခေါက်ကတော့ မင်ဂျောင်းတီးရမယ့် အလှည့်ရောက်ပြီထင်ပါတယ်။

"You don't know baby
When you hold me
And kiss me slowly
It's the sweetest thing
And it don't change
If I had in my way
You should know that you are..."

You've reached the end of published parts.

⏰ Last updated: Feb 16 ⏰

Add this story to your Library to get notified about new parts!

"Best Part" (Complete)Where stories live. Discover now