လူတွေကသိပ်ချစ်မိတဲ့အခါကြရင်သိပ်အတ္တကြီးသွားတတ်ကြတယ် ချစ်လျက်နဲ့မပိုင်ဆိုင်ချင်ကြပဲနေမလား ချစ်ရသူမျက်နှာတစ်ချက်ညိုးတာနဲ့ ပျာယာတွေခတ်ခဲ့ဘူးလား ချစ်ရသူရဲ့နူတ်ခမ်းလေးကနေ မုန်းတယ်လို့ပြောခံရရင်တော့ ကမ္ဘာပျက်မလို့ခံစားရတဲ့အထိပေါ့ ဇာတ်လမ်းတွေထဲမှာ ချစ်လျက်နဲ့ကွဲခဲ့ရတဲ့ဇာတ်လမ်းတွေကရင်အနာကျင်ရဆုံးပဲကိုယ်ချစ်ရတဲ့သူကိုပိုင်ဆိုင်ချင်တာကအပြစ်ကြီးတစ်ခုဖြစ်နေခဲ့တာလား ဒီခံစားချက်ကို အစစ်အမှန်ချစ်မိတဲ့သူတိုင်းသာနားလည်လိမ့်မည် မိတ်ဆွေ သင်ရော လူတစ်ယောက်ကိုနက်နက်ရှိုင်းရှိုင်းချစ်ခဲ့ဖူးလား...........
ယခုအချိန်ထိမပြန်ပဲပေကပ်ကပ်လုပ်နေသောဗီတာမင်ကိုကြည့်ကာ ရှိုင်းတစ်ယောက်စိတ်ညစ်လာရသည်
မင်း ငါသက်သာနေပြီလို့
ကျွန်တော်မပြန်ဘူး ဒီမှာပဲအိပ်မှာ
ကျစ်! ဗီတာမင်!
ဗျာ
ငါပြန်တော့လို့ပြောနေတယ်လေ
မပြန်ဘူးလို့ ကျွန်တော်အကို့ကိုဘာမှမလုပ်ပါဘူးဆို
ရှိုင်းထက်တစ်ယောက် ယခုမှပဲ မူးလဲပြီးဆေးရုံတက်ရတာကိုပင်နောင်တရချင်လာသည်
အကိုသာ နားနားနေနေ နေပါ ဆရာဝန်ကပြောလိုက်တယ်မလား ဒီရက်ပိုင်းနားဖို့ ပြီးတော့ ဒီနေ့ကစပြီး အကို့ရဲ့အစားအသောက်တွေကိုကျွန်တော်တာဝန်ယူမယ်
ဘာစကားမှပြန်မပြောပဲ ကုတင်ပေါ်မှာဆူပုတ်ပုတ်လေးထိုင်နေတဲ့သူကြောင့် ကောက်စိန်လေးက သူ့ကိုကောက်နေပြီဆိုတာ သိလိုက်ရသည်
အကိုနူတ်ခမ်းကြီးထော်မထားနဲ့ မဟုတ်ရင်ဆွဲနမ်းပစ်မှာနော်
မင်း!
အလန့်တကြားနဲ့ကြည့်လာတဲ့သူကြောင့် ဗီတာမင် အသံထွက်အောင်အထိရယ်လိုက်မိတော့သည်
မြင်လား မြင်လား အဲ့တာကြောင့်မင်းနဲ့အတူမနေချင်တာ သွား သွား အိမ်ပြန်
ကျွန်တာ်ကစတာပါဗျာ ပြီးတော့ နှင်လွှတ်ဖို့မကြံနဲ့နော် လုံးဝထွက်မသွားဘူး
YOU ARE READING
မုန်းသည်ထက်ပို၍ချစ်ခဲ့သည်(The Love Cafe)
Fanfictionဤအရပ်မှာလှပသောချစ်ခြင်းတရားတွေစတင်ခဲ့သလို ဤအရပ်မှာပဲအဆုံးသတ်ခဲ့ရသည် ထို့နောက်မတူညီသောနေရာမှာတူညီသောနှလုံးသားတစ်စုံထပ်မံပေါက်ဖွားလာခဲ့သည် ။ စာဖတ်သူသင်ဟာ လှပသောချစ်ခြင်းတွေကို ဖန်တီးခဲ့ဖူးလား?ဖျက်စီးခဲ့ဘူးလား?ဒါမှမဟုတ် ဖျက်စီးခံခဲ့ရဘူးလား?