"ကောင်းခန့်ကျော်ရေ!!!!!!!"
"အေးး လာပြီဟ !!"
"မင်းဘာလုပ်နေတာလဲ ! ဒီမှာ မှာထားတာတွေ သွားချပေးဦး !!"
"အေးပါဟ ငါဟိုမှာ အမှာစာယူနေတာ ! "
"ဝိုင်း ၆ကိုချပြီးတာနဲ့ချက်ချင်းပြန်လာခဲ့နော် !!"
"မှာထားတဲ့ဟာတွေရပါပြီဗျ "
"ကောင်းခန့်ကျော် !!!"
"အေးအေး !!"
Blue Sky coffee ဆိုင်လေးရဲ့တစ်နေ့တာ ဂယက်မျိုးစုံပင် ဆိုင်တွင် vita နဲ့ ရှိုင်းထက်မရှိကတည်းက လူအင်အားနည်းသွားသည် ။ ဝန်ထမ်းအသစ်ခန့်သော်လဲ ceoကောင်းမြတ်သူရဲ့ ဆူပူမှုတွေကြားဘယ်သူမှကြာကြာမခံခဲ့ သူ့၏သူငယ်ချင်းကောင်းခန့်ကျော်နှင့် ဝန်ထမ်းဟောင်း ၂ယောက်သာ နောကျေနေသောကြောင့် အခုချိန်ထိရှိနေတုန်းပင် ။
"နွားနို့ပူပူလေးနှစ်ခွက်လောက်ပါဗျ "
"မရောင်းပါဘူးခင်ဗျ"
ကောင်းမြတ်တစ်ယောက်ပြန်ဖြေရင်း ကောင်တာရှေ့ကသူတွေကိုမော့ကြည့်လိုက်သည် ။
"ရှိုင်းထက် ! ဗီတာမင် !"
"နေကောင်းလားအကိုကောင်းမြတ် "
"မင်းတို့ရှေ့မှာမတ်တပ်ရပ်နေတာလေ !!"
"ဦးလေးကတော့နော် အကိုရှိုင်းကအကောင်းမေးနေတာကို "
"အောင်မယ် ငါပိတ်ရိုက်လိုက်မယ် !"
"မင်းတို့ဦးလေးကိုတော့ပြောမနေနဲ့ အခုရက်ပိုင်း သူ့စိတ်က ပုံမှန်မဟုတ်ဘူး "
"ကောင်းခန့်ကျော် !!!"
ကောင်းမြတ်ရဲ့အော်သံအောက်မှာ ကောင်းခန့်တစ်ယောက် အသံတိတ်ကာ ပါးစပ်ပိတ်သွားရရှာသည် ။
"ဒါနဲ့ မင်းတို့နှစ်ကောင် ငါ့ဆိုင်ကို ဘယ်နေ့အလုပ်ပြန်ဝင်မှာလဲ တစ်လတောင်ကြာနေပြီနော် "
"အိုဟိုးးး ဦးလေးကလဲ မြင်တာနဲ့ခိုင်းဖို့ပဲကြံနေတာ "
"ခိုင်းရမှာပေါ့ဟ အခုရက်ပိုင်းလူတွေကတအားကျနေတာ မနိုင်လို့ဟေ့ "
"လူမခန့်ဘူးလားအကိုက "
"ခန့်လဲ ဦးလေးအပေါက်ဆိုးပုံနဲ့ပြေးရောပေါ့"
YOU ARE READING
မုန်းသည်ထက်ပို၍ချစ်ခဲ့သည်(The Love Cafe)
Fanficဤအရပ်မှာလှပသောချစ်ခြင်းတရားတွေစတင်ခဲ့သလို ဤအရပ်မှာပဲအဆုံးသတ်ခဲ့ရသည် ထို့နောက်မတူညီသောနေရာမှာတူညီသောနှလုံးသားတစ်စုံထပ်မံပေါက်ဖွားလာခဲ့သည် ။ စာဖတ်သူသင်ဟာ လှပသောချစ်ခြင်းတွေကို ဖန်တီးခဲ့ဖူးလား?ဖျက်စီးခဲ့ဘူးလား?ဒါမှမဟုတ် ဖျက်စီးခံခဲ့ရဘူးလား?