မိုးရေတွေစိုစွတ်နေရာမှထွက်ပေါ်လာသောမြေသင်းရနံ့ဟာ လေညှင်းနဲ့အတူလေဟာနယ်ထဲမှာ သင်းပျံ့နေသည် Blue Sky coffee ဆိုင်လေးထဲက လွမ်းဆွတ်ဆွတ် သီချင်းသံလေးဟာလေဟာနယ်ထဲကနေတစ်ဆင့်ငြိမ့်ညောင်းစွာ တိုးဝင်လာတော့သည် မိုးစက်တွေကိုငေးရင်း ကော်ဖီလေးသောက်ကာ တစ်စုံတစ်ယောက်ကိုလွမ်းလို့အကောင်းဆုံးပင်မဟုတ်လား ။
ဘာသုံးဆောင်မလဲခင်ဗျ
ရှိုင်းလေး
နူးညံ့ချိုသာတဲ့မိန်းမတစ်ယောက်ရဲ့အသံကြောင့် ရှိုင်းမော့ကြည့်လိုက်မိတော့သည်
အန်တီစက်နှင်းထက်
စက်နှင်း ရှိုင်းကိုနူးညံ့ချိုသာစွာပြုံးပြလိုက်တော့သည်
အန်တီကိုမှတ်မိသားပဲ
ကျွန်တော်ဘယ်လိုလုပ်မေ့လို့ရမှာလဲဗျ ဒီလောက်လှတဲ့အမျိုးသမီးကို မေ့စရာလား
ပြုံးရယ်စွာပြောလိုက်သောရှိုင်းကြောင့် စက်နှင်းသဘောတကျရယ်မောလိုက်တော့သည်။
ဒါနဲ့ မောင် အဲ ဗီတာမင် ဆီလာတာလား ဗီတာမင်က ဝယ်စရာရှိလို့အပြင်ခဏထွက်သွားတယ်အန်တီ
မဟုတ်ပါဘူး ဒီနားမှာ အသိမိတ်ဆွေတစ်ယောက်နဲ့ချိန်းထားတာ ကော်ဖီဆိုင်နဲ့နီးနေတာနဲ့ ဝင်လာလိုက်တာ မိုးခိုရင်းပေါ့
ဒါဆို အန်တီဘာသောက်မလဲ
အန်တီကို နွားနို့ပူပူလေးပေးပါ့လား ကော်ဖီမသောက်ချင်လို့
ရပါတယ်ဗျ ဒါဆို ခဏစောင့်ပါဦးနော်
ဟုတ်ပါပြီကွယ်
စက်နှင်းကောင်တာနဲ့နီးရာ စားပွဲဝိုင်းလေးမှာဝင်ထိုင်လိုက်တော့သည် ။
နွားနို့ပူပူလေးရပါပြီအန်တီ
ကျေးဇူးပါရှိုင်းလေး
ရှိုင်းစက်နှင်းရှေ့ကိုဝင်ထိုင်ကာ
အန်တီက နှင်းဆီပန်းအဖြူကိုသိပ်ကြိုက်တာပဲနော် အမြဲပန်ထားတာတွေ့တယ်
အွန်း အန်တီသဘောအကျဆုံးပန်းလေ အရောင်ကလဲအန်တီအကြိုက်ပေါ့
YOU ARE READING
မုန်းသည်ထက်ပို၍ချစ်ခဲ့သည်(The Love Cafe)
Fanfictionဤအရပ်မှာလှပသောချစ်ခြင်းတရားတွေစတင်ခဲ့သလို ဤအရပ်မှာပဲအဆုံးသတ်ခဲ့ရသည် ထို့နောက်မတူညီသောနေရာမှာတူညီသောနှလုံးသားတစ်စုံထပ်မံပေါက်ဖွားလာခဲ့သည် ။ စာဖတ်သူသင်ဟာ လှပသောချစ်ခြင်းတွေကို ဖန်တီးခဲ့ဖူးလား?ဖျက်စီးခဲ့ဘူးလား?ဒါမှမဟုတ် ဖျက်စီးခံခဲ့ရဘူးလား?