ရန်ကုန်မြို့ရဲ့မနက်နေရောင်ခြည်နွေးနွေးအောက်မှာ လူသွားလူလာများနဲ့လမ်းတိုင်းကပြည့်နှက်နေသည် လေညှင်းလေးတစ်ချက်ဝှေ့ယမ်းသွားတိုင်း အဝါနုရောင်သစ်ရွက်ခြောက်လေးတွေကမြေပြင်ပေါ်သို့လှပစွာသက်ဆင်းကြွေကျရသည် တစ်ချို့သူတွေအတွက် ကြွေကျလာသောသစ်ရွက်ခြောက်တွေက စိတ်ရှုပ်စရာကောင်းပေလိမ့်မည် တစ်ချို့သောသူတွေကတော့ ကြွေကျလာသောသစ်ရွက်ခြောက်လေးကိုလက်လေးနဲ့ဖမ်းဆုတ်ကာ သဘောကျစွာပြုံးမိလိမ့်မည်။
မှတ်တိုင်တစ်ခုတွင်ထိုးရပ်လာသောBusကားပေါ်ကနေ အဝါနုရောင်T-shirt နဲ့ ဘောင်းဘီတိုလေးကိုပေါ့ပါးစွာ၀တ်ဆင်ထားသောကောင်လေးတစ်ယောက်ဆင်းလာသည် သူ့ဆံပင်တွေကလဲ အဝါခြောက်ရောင်ပဲလေ လေညှင်းလေးဝှေ့ယမ်းသွားတိုင်း နဖူးပေါ်ဝဲကျနေသောဆံနွယ်လေးတွေကနူးညံ့စွာလှုပ်ရှားသွားသည် လမ်းမှာတွေ့တဲ့သူတစ်ချို့ကို ကောင်လေးက အပြုံးချိုချိုလေးနဲ့နူတ်ဆက်နေသောအမူအရာက မြင်တဲ့သူတိုင်းသဘောကျစရာပင်
ရှိုင်းလေးဒီနေ့ဆိုင်ကိုအစောကြီးလာလို့ပါလား ဒီနေ့ကြားရက်မဟုတ်ဘူးလား
ရှမ်းဆိုင်ထဲကနေအန်တီကြီးရဲ့အမေးကြောင့်ရှိုင်ပြုံးကာ
ဟုတ်တယ် အန်တီ ရှိုင်း ဆိုင်မှာလုပ်စရာလေးတွေလဲရှိသေးတာနဲ့ စောစောလာလိုက်တာ
အော် မနက်စာစားခဲ့ပြီလားသား တစ်ခုခုဝင်စားပါ့လား အန်တီကျွေးပါ့မယ်
ရပါတယ်ဗျ သားစားခဲ့ပြီးပါပြီ ကျေးဇူးပါအန်တီ
အေးပါကွယ်
ဒါဆိုရှိုင်းသွားတော့မယ်နော်
အေးအေး ဂရုစိုက်သွားပါကွယ်
ဟုတ်
ရှိုင်း လမ်းထိပ်ရှမ်းဆိုင်ကအန်တီကြီးကိုနူတ်ဆက်ကာ ဆိုင်ဆီသို့ဦးတည်လာခဲ့တော့သည်။
အမောင်ဗီတာမင်တစ်ယောက်ကောင်တာနောက်မှာ တစ်ယောက်တည်းအလုပ်ရှုပ်နေသည်
ဦးလေးကလဲကပ်စေးနဲလိုက်တာ ဒါကိုပြင်ပါလို့ပြောတာ ကြာလှပြီ ဒင်းကမပြင်ဘူး ရလာတဲ့ပိုက်ဆံတွေ ဘယ်ကောင်မလေးသွားပေးနေလဲမသိဘူး ပြောရင် ဗီတာမင်ဆိုတဲ့ငါပဲမကောင်းဖြစ်ဦးမှာ ဟူးးးး ဦးလေးတစ်ယောက်ကိုထိန်းရတာလဲမလွယ်ပါ့လား
YOU ARE READING
မုန်းသည်ထက်ပို၍ချစ်ခဲ့သည်(The Love Cafe)
Fiksi Penggemarဤအရပ်မှာလှပသောချစ်ခြင်းတရားတွေစတင်ခဲ့သလို ဤအရပ်မှာပဲအဆုံးသတ်ခဲ့ရသည် ထို့နောက်မတူညီသောနေရာမှာတူညီသောနှလုံးသားတစ်စုံထပ်မံပေါက်ဖွားလာခဲ့သည် ။ စာဖတ်သူသင်ဟာ လှပသောချစ်ခြင်းတွေကို ဖန်တီးခဲ့ဖူးလား?ဖျက်စီးခဲ့ဘူးလား?ဒါမှမဟုတ် ဖျက်စီးခံခဲ့ရဘူးလား?