1

12 0 1
                                    

#မုန့်ပျစ်သလက်(မုန့်ပြားသလက်)

ဆန်မှုန့် (ဆန်ချိန်ခွက် ၂ ခွက်)
ရေ (ဆန်ချိန်ခွက် ၃ ခွက်)
ဆား နဲ့ အရသာမှုန့်အနည်းငယ်
Baking soda လက်ဖက်စားဇွန်းရဲ့ ၃ ပုံ ၁ ပုံ
အားလုံးကို အစေ့အခဲမကျန်အောင်ရောမွှေပြီး
၁ နာရီခြဲ နှပ်ထားပါမယ် ....
ဆီ အနည်းငယ်ပြင်ထားပါ...
ပဲပြုတ် နဲ့ နံနံပင်လှီးဖြတ်ထားပေးပါ ...
ကြက်သွန်မြိတ်ကြိုက်ပါကထပ် ထည့်ပေးနိုင်ပါတယ်

မုန့်ပျစ်သလက်(မုန့်ပျားသလက်) နဲ့တွဲစားဖို့
နှမ်းလှော်ပြီးဆားလေးထည့်ထောင်းထားတာ
ပြင်ထားပေးပါမယ် ...

မုန့်လုပ်ခါနီး ဒယ်အိုးအပူပေးပါမယ် ...
ဆီအနည်းငယ်မျှထည့်ပြီး စပ်ထားတဲ့မုန့်ရည်ဟင်းခတ်ဇွန်းကြီးတဇွန်းစာထည့်ပေးမယ်
အပေါ်ကနေ ပဲပြုတ် နံနံပင်ဖြူး ဆီအနည်းငယ်စွပ်ပေးပြီး ..အဖုံးအုပ် မီးအနေတော်နဲ့ထားပေးပါမယ် ...
(မိမိမွာရွိတဲ့ ဒယ်အိုးအဆင်ပြေတာသုံးပါနော်
မင်မင့်မှာ ဒယ်အိုးအသေးမရှိလို့ အိုးအကြီးမှာ
မုန့်အချပ်လေးတွေ အညီရအောင်အရည်ကိုထည့်ပြီးလုပ်ပါတယ် )...
ခဏအကြာအဖုံးဖွင့်ရင်တော့ #မုန့်ပျစ်သလက်
မွှေးမွှေးလေးရရှိပါပြီ

-------------------------

#ပန်းသေးခေါက်ဆွဲရည်ဖျော်(လက်ပြတ်ခေါက်ဆွဲ)လုပ်နည်းလေး

အမဲသား(သို့) ကြက်သား သုံးပါမယ် ....
အတုံးအသေးငယ်လှီးဖြတ်ထားပြီး အိုးတခုမှာထည့်ပါမယ်.... ကြက်သွန်ဖြူ နီ ဂျင်းထောင်း နနွင်း အရောင်တင်မှုန့် မဆလာ အရသာမှုန့် နဲ့ ဆား သကြားအနည်းငယ်ထည့်ပြီးအားလုံးသမအောင်နယ် ဆီအနည်းငယ်မျှထည့်မီးဖိုပေါ်တင်ပြီး စိမ်းနံ့ပျောက် အသားမှထွက်သည့်အရည်မကျန်အောင်လုံးမယ် ....
ရေခမ်းပြီဆိုမှ ရေများများထည့်ပြီး အသားနူးဟင်းရည်ကျလာသည်ထိတည်ပေးရပါမယ်.

တဖက်မှာ ခေါက်ဆွဲကို ပဲငံပြာရည်အပျစ်(အနောက်) နဲ့ ဆားအနည်းငယ်ထည့်နယ်ထားပါ... ဂေါ်ဖီမထူမပါးလှီးမယ် သံပုရာသီးစိတ်ထားမယ်....
ဟင်းရည်အိုးရပြီဆိုရင် ပွဲပြင်ပါမယ်.....
တပြဲစာ ခေါက်ဆွဲမှာဟင်းရည်များများထည့်
ဂေါ်ဖီ နဲ့ သံပုရာသီးညှစ် ငရုတ်သီးမှုန့်စပ်စပ်ထည့်ပြီး ပူပူလေးခေါက်ပြီးစားရင် မဆလာနံ့မွှေးမွှေးနဲ့ချဉ်စပ် ရှူးရှဲထိမိပွင့်ထွက်အောင် စားကောင်းစေတဲ့ #ပန်းသေးခေါက်ဆွဲရည်လက်ပြတ်ခေါက်ဆွဲရရှိမှာပါ(စားခါနီးဟင်းရည်ကပူပူလေးဖြစ်ရပါမယ်) အဲ့လိုပူမှအရမ်းစားကောင်းတာပါ
-----------------

Cooking MadnessWhere stories live. Discover now