Szechuan Seasoning Powder
စီချွမ်စတိုင်အသားကင်သုပ်တဲ့အရသာမှုန့်

ပါဝင်ပစ္စည်းများ
ဇီယာ ၂အောင်စ
စီချွမ်ငရုတ်ကောင်းစေ့ ၁ဇွန်းကြီး
စီချွမ်ငရုတ်သီးအကြမ်းဖက်အမှုန့် ၂ဇွန်းကြီး
ငရုတ်ကောင်းစေ့ ၂ဇွန်းကြီး
ကြက်သွန်ဖြူအမှုန့် ၁ဇွန်းကြီး
ဂျင်းအမှုန့် ၁ဇွန်းကြီး
သကြား ၃ဇွန်းကြီး
ဆား ၁ဇွန်းသေး
ငရုတ်သီးအရောင်တင်အမှုန့် ၁ဇွန်းကြီး

ပြုလုပ်နည်း
ဇီယာ၊ငရုတ်ကောင်းစေ့နှင့်စီချွမ်ငရုတ်ကောင်းစေ့တို့ကို မီးအေးအေးဖြင့်မွှေးလာအောင်လှော်ပေးရပါမည်။
ထို့နောက်ကျန်ရှိနေသော ပါဝင်ပစ္စည်းများအားလုံးကို ကြိတ်စက်ထဲထည့်ကာ အားလုံးကိုရော၍ ကြေနေအောင်ကြိတ်ပေးရပါမည်။အထူးဂရုပြုရမည့်အချက်အနေဖြင့်ပါးစပ်အာတာကို မကြိုက်တယ့်သူတွေအတွက် စီချွငရုတ်ကောင်းစေ့ကို လျော့ထည့်ပေးရပါမည်။

မြန်မာပြည်အတွက်ဆိုရင်တော့ အရသာပိုင်းမှာ ဆား၊သကြားအစား သကြား၊အချိုမှုန့်နှင့်ကြက်သားမှုန့်တို့ကိုထည့်၍လည်း အရသာကို ချိုငံ သောအရသာလေးဖြစ်အောင်ထိဖန်တီးပေးရမှာဖြသ်ပါသည်။အရသာမှုန့်ကိုရရှိပြီဆိုရင်တော့
လူကြီးမင်းတို့အသုံးပြုလိုသော အသားများကိုလူးပေးသုတ်ပေး၍လည်းအသားစိမ်းများကိုကင်နိုင်မှာဖြစ်ပါသည်။

--------------------------------------------

#တောင်ယာဟင်းချက်နည်း (ပလောင်)
ပူပူစပ်စပ်လေး

ပါဝင်ပစ္စည်းများ
ဗမာကြက် ၄၀သား
ကြက်သွန်ဖြူ ၄ဥ
ဂျင်း လက်တဆစ်
စပါးလင် တပင်
ငြုပ်သီးရှည် ခြောက်၆တောင့်
စူကာညွန့်
ဖယုံညွန့်
မုန်ညှင်းစိမ်း
မွို ၁၀ သား
ပင်စိမ်းတစည်း ရှမ်းနံနံ
သံပုရာသီးတလုံး
ငြုပ်သီးစိမ်းလက်တဆုတ်
ကြက်သွန်နီ၂လုံး

#ချက်ပြုတ်နည်း

ကြက်သားကို အတုံးလေးတွေတုံး ရေဆေးပါ။
ဂျင်း ကြက်သွန်ဖြူ ငြုပ်ခြောက်ရှည်တောင့်ကိုမညက်တညက်ထောင်းပါ။

ပြီးရင် ကြက်သားကို ဆား ဆနွင်းနဲနဲ အရသာမှုန့်
ငံပြာရည်ထည့်ပီး ထောင်းထားတာနဲ့ရောသမနယ်ပြီးနှပ်ထားပါ။

Cooking MadnessWhere stories live. Discover now