22

2 0 0
                                    

ဆီမပါတဲ့ ကြက်သားသုတ်

အရင်ဆုံး ကြက်သားကို ရေဆေး သန့်စင်ပြီး
၅မိနစ်ခန့် ရေနှင့် ဒီအတိုင်းအရင်ပြုတ်ပါမယ်

ပြုတ်နေစဉ် အညှိတွေတက်လာရင် ဖယ်ဖယ်ပြီး
၅မိနစ်ပြည့်ရင် ထိုရေကိုအကုန်ပြန်သွန်၊
ကြက်သားတွေကို ရေထပ်ဆေးပြီး ရေအသစ်ဖြင့်
ထပ်ပြုတ်ပါမယ်

ထိုရေထဲ ဂျင်း၊ကြက်သွန်ဖြူနှင့်နံနံပက်အမြစ် ထောင်းထားတာတွေထည့်၊ငရုတ်ကောင်းမှုန့်၊ဆား၊အရသာမှုန့်တို့ ထည့်ပြီး တစ္နာရီ ပြုတ်ပါမယ်။

ကြက်သားပြုတ်နေစဉ် အသုတ်ထဲ ထည့်သုတ်ဖို့
ကြက်သွန်ဖြူ၊နီ၊ငရုတ်သီးအကြမ်းဖတ်တို့ကို
ထောင်းပေးထားပါမယ်။

သံပုရာသီးတွေ ခြမ်းထားပါမယ်။

ကြက်သားကျက်ရင် ဆယ်၊အအေးခံပြီး
အသားနွှင်၊ခုနကထောင်းထားတာတွေထည့်၊
သံပုရာရည်ညှစ်၊ အပေါ့အငန်ပေါ်မူတည်ပြီး
ဆား ပါးပါးလေးထည့် နယ်လိုက်ရင် ရပါပြီရှင်။

ဟင်းချိုအတွက်...
အသားနွှင်ပြီး ကျန်တဲ့ကြက်ရိုးတွေကို ခုနက
ပြုတ်ရည်ထဲပြန်ထည့်ပြီး ဆူပွက်အောင်
ပြန်တည်၊ ဒီအတိုင်း သောက်လည်းရသလို
ကျွန်မကတော့ မြင်းခွာရွက်လေးတွေပါ
ထည့်ပြီး ကြက်ရိုးမြင်းခွာရွက်ဟင်းချိုလေး
ချက်သောက်ပါတယ်
---------------------------------------------------------

#ချဉ်ငံစပ်ကျောက်ပွင့်သုတ်

အရင်ဆုံး
ကျောက်ပွင့် တစ်ခြမ်းကို ရေနွေးပူနဲ့
၁၀မိနစ်ခန့် စိမ်ပါတယ်ရှင်..။

အာလူးတစ္လုံး ပြုတ်ပြီး အတုံးလေးတွေ
တုံးထားပါမယ်။

ကြက်သွန်နီပါးပါးလှီးထားပါမယ်။
ငရုတ်သီးစိမ်းနီလေးတွေ ညှပ်ထားပါမယ်။
ကြက်သွန်ဖြူ၊နီ ဆီချက် ချက်ထားပါမယ်။
မန်ကျည်းအနှစ်ကို ရေနွေးနဲ့
ခပ်ပျစ်ပျစ်ဖျော်ထားပါမယ်။

အားလုံးအဆင်သင့်ဖြစ်ရင်
ကြက်သွန်နီ၊ကျောက်ပွင့်၊အာလူး၊ငရုတ်သီးစိမ်းနီ၊
ငရုတ်အလှော်မှုန့်၊ကြက်သွန်ဆီချက်၊ငံပြာရည်၊
မန်ကျည်းရည်၊ပဲအကျက်မှုန့်၊ပုဇွန်ခြောက်မှုန့်၊
အရသာမှုန့်၊နံနံပင်တို့ ထည့်ပြီး သမအောင်
နယ်ဖတ်ပေးပါမယ်ရှင်(အစပ္က မိမိစိတ်ကြိုက်ပါ)
------------------------------------------------------------

Cooking MadnessWhere stories live. Discover now