Be forever (25)

167 4 0
                                    

ရိပေါ်တစ်ယောက် ရှောင်းကျန့်ကို ထားထားတဲ့ အခန်းဆီ ဟောက်ရွှမ်းနဲ့တူတူသွားနေသည်။

"ရိပေါ်... စိတ်မပူပါနဲ့ သူတို့အဆင်ပြေမှာပါ"

"အင်း.."

"နေဦး!"

ဟောက်ရွှမ်း  ရိပေါ်ကိုလှမ်းထားလိုက်သည်။ ရိပေါ်ဟာ နားမလည်သလိုကြည့်လိုက်ကာ

"အစောင့်တွေနဲ့ မင်းအဖေ"

ရိပေါ်ဟာ သူ့ခေါင်းတည့်တည့် မိုးကြိုးပစ်ချလိုက်သလို ဒိန်း! ခနဲခံစားလိုက်ရသည်။

"ဟောက်ရွှမ်း မင်း ကလေးရဲ့ သူငယ်ချင်းတွေကို သွားခေါ်လိုက် ငါ.. ပါးနဲ့ရှင်းလိုက်မယ်"

"ရိပေါ် မင်း.."

ဟောက်ရွှမ်းဆက်ပြောမည့်စကားများကို ရိပေါ်ဟာဆက်ပြောခွင့်မပြုပဲ..

"ငါသူ့ကို ကောင်းကောင်းမစောင့်ရှောက်နိုင်ခဲ့လို့ သူ zombie ဖြစ်ခဲ့ရတာ အခုတော့ မရတော့ဘူး သူ့ကိုကယ်မယ် ငါ ဘာဖြစ်ဖြစ် သူလူပြန်ဖြစ်ရင်ရပြီ"

"ဟား!"

ဟောက်ရွှမ်း သိလိုက်ချေပြီ။ သူ၏ သူငယ်ချင်း အချေကိုယ်တော် ဝမ်သခင်လေးက တကယ်ချစ်မိသွားတာပဲကိုး..

"ရိပေါ် .. ငါ.. သူတို့ကို အမြန်ဆုံးသွားခေါ်ပေးမယ် ပြီးရင် ဒီကို ငါအမြန်ဆုံးပြန်လာမှာပါ မင်း.. အဲ့အချိန်ထိ တောင့်ခံထားပေးကွာ"

"အင်း ငါတတ်နိုင်သလောက်ပေါ့ တော်ပြီ သွားတော့"

ဟောက်ရွှမ်း စကားဆက်ပြောချိန်တောင်မရလိုက် ရိပေါ်ဟာ ရှောင်းကျန့်ဆီ သွားချေပြီ။ ဟောက်ရွှမ်းလဲ စိတ်မချစွာ ကြည့်ရင်း ဟိုကလေးနှစ်ယောက်ကို သွားခေါ်ချေပြီ။
>>>>>>>
"မင်းတို့က ဒီမှာဘာလုပ်နေတာလဲ?"

"သ သခင်လေး!"

အစောင့်တွေ ရိပေါ်ကို မြင်တော့ သရဲမြင်သလို လန့်ဖြန့်သွားကြသည်။

"ဘာ လုပ် နေ တာ လဲ!"

စကားတစ်ခွန်းချင်းဆီကို ဖိပြောတာ မေးလိုက်သည်။ အစောင့်တွေဟာလဲ အဖေနဲ့သားကြား ဗျာများနေရချေပြီ။မတတ်သာသည့်အဆုံး အစောင့်တွေဟာ သူတို့၏ သခင်လေးကိုပဲ ရွေးကြလိုက်သည်။သူတို့၏ သခင်ကြီးထက် သခင်လေးက ပိုကြောက်ဖို့ကောင်းသည် မဟုတ်ပါလား... အခုချိန်မှာ အလိမ်စကားတစ်ခုခုထွက်ကြည့် ချက်ချင်းထသတ်တော့မည့်ပုံစံပင်..။

Be forever (Completed)Where stories live. Discover now