ရိပေါ်နဲ့ဟောက်ရွှမ်းတို့နှစ်ယောက် သူတို့ကိုထိန်းသိမ်းထားတဲ့ နေရာကနေ ဖြေဆေးရှိရာကိုထွက်လာခဲ့သည်။
"ရိပေါ်... မင်းဟာက နေရာသေချာလို့လားကွာ"
"ကျစ်! စစ်ကျွေးက ယုံလို့ရတယ်"
ဟောက်ရွမ်းတစ်ယောက်ရိပေါ်ရှေ့ပိတ်ရပ်လိုက်ကာ ရိပေါ်နဲ့ မျက်လုံးချင်းဆုံအောင်ကြည့်ပြီး
"ဘာလို့ အဲ့လိုတစ်ထစ်ချ ပြောနိုင်ရတာလဲ"
"....သူက ငါ့လူ ... ရပြီမလား သွားမှာလား နေခဲ့မှာလား ငါ သူ့ကိုကယ်ရမယ်"
"သွားမယ်.."
ဖြေဆေးနေရာကိုသွားတဲ့လမ်းတစ်လျှောက် အစောင့်များလူပြောင်းသည်အထိစောင့်ရသည့်အတွက် အချိန်တော်တော်ကြာသွားသည်။
"ရိပေါ် ... ဒီအခန်းမလား.."
"အင်း... စစ်ကျွေးပြောတာ အဲ့နေရာပဲ"
"အစောင့်တွေက မပြောင်းသေးဘူးထင်တယ်... ငါတို့ခဏ စောင့်ကြတာပေါ့"
"အင်း..."
တစ်ဖက်တွင်>>>>
"ဟျောင့် ဟောက်ရွှမ်းကောတို့ နှစ်ယောက်တည်းဖြစ်ပါ့မလားကွ"
ကျိရန်က စိတ်ပူစွာ အခန်းထဲတွင် ရှိသောသူများအား မေးလိုက်သည်။
"ငါဘယ်သိမလဲကွ အဆင်ပြေမယ် ထင်ရတာပဲ"
ယွီပင်းက ကျိရန်အမေးကိုပြန်ဖြေပြီး ကျန်တဲ့သူများကလဲ စိတ်မပူကြောင်းပြောကြသည်။
"ဟို...ဟိုလေ.."
အားလုံး၏ အကြည့်များသည် စစ်ကျွေးထံကျရောက်သွားပြီး..
"ဂလု"
စစ်ကျွေးတစ်ယောက်ပြောသင့် မပြောသင့် စဉ်းစားပြီးမှ ပြောဖို့စိတ်ကူးလိုက်ပြီး....
"ဟို.. အကိုတို့ လိုက်သွားချင်လဲရတယ်.. မဟုတ်ဘူး ကျနော်ပြောတာက လိုက်သွားလို့ရတယ် မဟုတ်သေးဘူး."
"စစ်ကျွေး ... အကိုတို့ကိုက်မစားပါဘူးကွာ ဘာကိုပြောချင်တာလဲ"
"ဟိုကျနော် အကိုကျန်းချန်နောက်ကို လိုက်သွားပြီး ချောင်းရိုက်ပြီး... ဖမ်းထားတာမလို့ သခင်လေးတို့ဆီ သွားလို့ရတယ်ပြောတာ.."
YOU ARE READING
Be forever (Completed)
Fanfiction"စီနီယာဘေးကင်းရဲ့လား။ကျွန်တော်စိတ်ပူနေတာ။ "ဘာမှမဖြစ်ဘူးကိုယ့်ဘာသာပဲဂရုစိုက်"