Final

330 6 0
                                    

နိုးလာခဲ့ပြီ နောက်ဆုံးတော့ နိုးလာခဲ့ပြီ ကိုယ်စောင့်နေခဲ့တာ မင်းပြန်အလာကို နောက်ဆုံးတော့ ဆန္ဒပြည့်သွားခဲ့ပြီ ကိုယ့်ရဲ့ တစ်ဦးဆိုင်နာမ်လေး ရှောင်းကျန့်ဆိုသူ ပြန်နိုးလာခဲ့ပြီ....

ကုတင်ပေါ်က ကောင်လေးဟာ သူ့ကို(ရိပေါ်) ကြည့်နေခဲ့တယ် ကိုယ်ကလဲ ကုတင်ပေါ်က ကောင်လေးကို ကြည့်နေခဲ့တယ်... ဘယ်သူကမှ စကားစမပြောကြဘူး။ သူ(ရိပေါ်) ကြောက်ပါသည်။ သူ့ကိုမုန်းသွားမှာ.. သူ့ကိုကြောက်နေမှာ.. သူ့ဆီကနေ ထွက်သွားမှာကို သူလွန်စွာ ကြောက်ပါသည်။

တိတ်ဆိတ်နေတဲ့ လေထုကို အသံတစ်သံဟာ ဖြိုခွင်းလိုက်သည်။

"... လူကြီး... ဘာလို့ ကြည့်ပဲကြည့်နေတာလဲ?"

ဒီအသံလေး ဒီအသံလေး သူ့ကလေးရဲ့ အသံချိုချိုလေးကို သူကြားခဲ့ရပြီ။ ကလေးက သူ့ကိုမကြောက်ဘူး သူ့အဝေးကို ထွက်မသွားခဲ့ဘူး။ ရိပေါ်ဟာ ရှောင်းကျန့်မျက်နှာနားတိုးကပ်လာပြီး နှဖူးလေးကို ထိကပ်ကာ နမ်းလိုက်ပြီး...

"ကျေးဇူးတင်ပါတယ်... အသက်ရှင်ပေးတဲ့အတွက်..."

"လူကြီး အတွက်ပြန်လာတာပါ .. ကျေးဇူးတင်မယ့်အစား အနာဂတ်မှာ ပိုချစ်ပေးပါလူကြီး.."

"ကလေးလေး သဘောကျပါဗျာ"

ဆေးရုံခန်းလေးထဲတွင် စောနက အခြေအနေနဲ့ ခြားနားစွာ ရုတ်ချည်းအချစ်ဓာတ်တွေ မွှန်ထူသွားသော အခြေအနေရောက်သွားခဲ့ပြီ...

ကုတင်ပေါ်ကကောင်လေးဟာ သူ့၏ အပိုင်လူသားလေးကို ချစ်ရည်ရွှမ်းနေတဲ့ မျက်ဝန်းတစ်စုံဖြင့် ကြည့်နေသလို... ကုတင်ဘေးကခုံမှာ ထိုင်ကာ ကုတင်ပေါ်က ကောင်လေးကိုကြည့်နေသော လူသားဟာလည်း မြတ်နိုးမှုတွေ ရောယှက်နေသော မျက်ဝန်းတစ်စုံတို့ဖြင့်ကြည့်နေသည်လေ.. အနာဂတ်မှာ သူတို့နှစ်ယောက်ဟာ အသေအချာကို ပျော်ရွှင်ရပေတော့မည်။

ဆေးရုံတက်နေတဲ့ တစ်လျှောက်လုံး ရှောင်းကျန့်ဟာ သူစားချင်တာတွေကို ရိပေါ်ကို ပူဆာလို့နေတယ်.. ရိပေါ်ဟာလည်း မညည်းမငြူ ရှောင်းကျန့်လေး သဘောကျ အကုန်လုပ်ပေးသတဲ့လေ... သူငယ်ချင်းတွေက သဲသဲကဲကဲ အတွဲမို့ မပြောချင်တော့လို့ လွှတ်သာထားလိုက်တော့တယ်...

Be forever (Completed)Where stories live. Discover now