Be forever (part 24)

135 3 0
                                    

"အင်း.... သွားကြတာပေါ့ သူ့အခန်းဆီကို"

ဘယ်ပဲဖြစ်ဖြစ် ကလေးကို ကယ်ရမယ်... အဲ့ဒီ့အတွက် တန်ကြေးတစ်ခုပေးရမယ်ဆိုရင် သူ့အဖေဖြစ်နေရင်တောင်.... ဖြစ်နေရင်တောင်မှပေါ့.....

"ငါနဲ့ ဟောက်ရွှမ်းနဲ့ အရင်သွားမယ် ပြီးရင်မင်းတို့လိုက်ခဲ့"

"ဟုတ်!"

ရိပေါ်နဲ့ ဟောက်ရွှမ်းတို့ ဖြေဆေးအတွက် ရိပေါ်အဖေရဲ့ အခန်းဆီသွားကြတယ်။ ထူးဆန်းတာတစ်ခုက အစောင့်တစ်ယောက်မှရှိမနေတာပဲ..။

"ရိပေါ်... ထူးဆန်းတယ်မထင်ဘူးလား?"

"..... အင်း အစောင့်တစ်ယောက်မှမရှိဘူး"

"ကော...ကောတို့"

စစ်ကျွေးလေသံလေးဖြင့် ရိပေါ်တို့ကို လှမ်းခေါ်လိုက်သည်။

"ဘာဖြစ်လို့လဲ?"

"အသံမကြားလိုက်ဘူးလား တစ်ယောက်ယောက် အော်သံလိုမျိုးလေ"

"....ကြားတယ်"

"မဟုတ်မှ ... လွတ်လာကြတာလား?"

"မဖြစ်နိုင်တာ နှစ်ယောက်တစ်တွဲ ပုန်းနေ"

အကုန်လုံးနီးစပ်ရာ နေရာတွေမှာပုန်းလိုက်ပြီးမကြာ အော်သံတွေပိုပြီး နီးကပ်လာချေပြီ။ စစ်ကျွေးနဲ့ ယွီပင်းနဲ့က တစ်တွဲ၊ ဟောက်ရွှမ်းနဲ့ ကျိရန်က တစ်တွဲ၊ အတွဲမရှိတာက ရိပေါ်ပင်ဖြစ်သည်။

"..... ဟောက်ရွှမ်းစုတ်"

ရိပေါ်မကျေနပ်ပေ။ ဟောက်ရွှမ်းကို သူ့ကလေးလေး ပြန်ကောင်းလာရင် ခွေးစာတွေကြီး ပြန်ကျွေးပြစ်မည်ဟု တေးမှတ်ထားလိုက်သည်။

(T/N ဟောက်ရွှမ်းလေးသနားစရာ(⁠╥⁠﹏⁠╥⁠))

အသံတွေဝေးကွာသွားတော့မှ ပုန်းနေရာမှ ထွက်လာကြပြီး ရိပေါ်နဲ့အတူ ဖြေဆေးရှိရာအခန်းဆီ ခရီးဆက်ကြသည်။ စခန်းချရာနေရာက တော်တော် ကျယ်ဝန်းသည်လေ...

"ဒါ သူ့အခန်းပဲ ငါအရင်ဝင်မယ် ပြီးမှ မင်းတို့ဝင်လာခဲ့"

"ရိပေါ် ဂရုစိုက်"

"ရိပေါ်‌ကော ဂရုစိုက်ပါ"

"အင်း"

ပြောပြီးသည်နှင့် ရိပေါ်သည် သူ၏အဖေ၏ရုံးခန်းထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီး ဖြေဆေးရှာပုံတော်ဖွင့်လေသည်။ ဖြေဆေးရှာဖို့ ပြေးရလွှားရ ပုန်းရနဲ့ ညအခါသို့ရောက်လာချေပြီ။လရောင် အကူအညီဖြင့် ဖြေဆေးရှာနေရင်း ပုလင်းလေးသေးသေးလေး တစ်ခုကို တွေ့လိုက်ရသည်။ ထိုပုလင်းလေးသည် တခြားပုလင်းများနဲ့ မတူကွဲပြားသည်။ ပုလင်းပုံစံသည် ပုပုသေးသေးလေးနှင့် အကြေးခွံပုံစံလိုမျိုးရှိသည်။ ရိပေါ်ဟာ ထိုပုလင်းကိုယူလိုက်ပြီး ဆေးအမည်ရေးထားတဲ့ ဘက်ကိုကြည့်မိတော့

Be forever (Completed)Where stories live. Discover now