4

358 50 4
                                    

'Unicode'

ရှောင်ဟွာမှာ ပိန်ပါး၍ အမွှေးများကျွတ်နေကာ သက်တမ်းတိိုတိုဖြင့်သေတော့မည့် မြင်းအိုကြီးတစ်ကောင်​ကဲ့သို့ ထင်ရလေသည်။

မည်သို့ပင်ဆိုစေကာမူ ထိုသို့သောမြင်းမျိုးက ၎င်း၏ကိုယ်ပိုင်အင်အားနှင့်ပင် မြင်းစာခွက်ထဲတွင်ထည့်ထားသောမြင်းစာတစ်ဝက်လောက်နီးပါးကိုစားသောက်ဖြစ်ခဲ့လေ၏။

ထိုအချိန်အတွင်း၌ အခြားမြင်းများမှာလည်း တိုးကြိတ်ကာ စားသောက်ဖို့ကြိုးစားခဲ့သော်ငြား သူတို့ခမျာ ၎င်းထံမှကိုက်ခဲ၍တွန်းထုတ်လိုက်သည်ကိုသာ ခံလိုက်ရသည်။

ဆုရှင်းရင်၏ ကိုယ်ပိုင်သက်တော်စောင့်ဖြစ်သော ကျို့ကျို့ဆိုသည့်လူမှာ မြင်းစာကျွေးရန်အတွက်သည်တာဝန်ယူထားရသူဖြစ်သည်။၎င်းသည် အသက်၂၀ ကျော်အရွယ်သာရှိသေးကာ မြင်းများကိုစောင့်ရှောက်ရာ၌ အလွန်တော်၏။ထိုမြင်ကွင်းကိုမြင်ချိန်၌ သူမပြောဘဲမနေနိုင်တော့ချေ။

"ဒီမြင်းက သာမာန်မြင်းမဟုတ်ဘူးမလား? သူကအရမ်းကိုဉာဏ်ကောင်းလွန်းတယ်!"

"အဲ့တာကမြင်းရိုင်းတစ်ကောင်ပဲ​ဖြစ်မယ် ရုန်တွေဆီကနေအဖမ်းခံရပြီးတဲ့နောက်မှာ ထွက်ပြေးဖို့ကြိုးစားပေမယ့်မလုပ်နိုင်ခဲ့ဘူး ဒါကြောင့်ဒီလိုဖြစ်သွားတာ ကျွန်တော်သူ့ကိုမြင်တော့ သနားဖို့ကောင်းတာနဲ့ဝယ်ခဲ့လိုက်တာ"

ယန်ကျင်းဇီကဆိုသည်။

သူကလူတိုင်းစားသောက်ဖို့အတွက်ချက်ထားသည့် ဆန်ပြုတ်အိုးမှ မျက်လုံးပင်မခွာနိုင်တော့ချေ။ သူတကယ်ကိုဗိုက်ဆာနေတာ...

ရှောင်ဟွာအတွက်ကတော့ သူကတကယ်ကိုသာမာန်မြင်းရိုင်းတစ်ကောင်မဟုတ်ပေ။၎င်းကမြင်းရိုင်းအုပ်၏ခေါင်းဆောင်ပင်ဖြစ်သည်။

၎င်းထံတွင် မြင်းမအမြောက်အများရှိယုံသာမက
ရုန်များ၏ မွေးမြူခြင်းခံရသောမြင်းမများကိုပင် စွဲဆောင်ရန်အတွက် သတ္တိရှိရှိသွားရဲသေး၏။

၎င်းက အောင်မြင်စွာပင်စွဲဆောင်နိုင်ခဲ့သေးသည်။အသက်တစ်ချက်ရှုရုံမျှဖြင့် ထိုမျိုးနွယ်စုမှ မြင်းမ ၇ကောင် ၊ ၈ကောင်လောက်ကိုခေါ်သွားနိုင်ခဲ့သည်။

ချစ်ကျွမ်းဝင်နေသည် [ဘာသာပြန်]Where stories live. Discover now