25

187 30 0
                                    

'Unicode'

ခန်းရှင်းဟို့ ကရူးနေတာ။ ဒါပေမဲ့လည်းသူက ဆုယန်ချင်း တစ်ယောက်တည်းကိုပဲ ပစ်မှတ်ထားခဲ့တာ။ တခြားသူတွေရှေ့မှာတော့နည်းနည်းလေးတမူထူးခြားတာကလွဲရင်ဘာမှမဟုတ်ဘူး။

သေချာတာပေါ့။ လူတိုင်းကသူ ဆုယန်ချင်း ကိုအရမ်းချစ်တယ်ဆိုတာသိကြတယ်။

ခန်းရှင်းဟို့ ကသူ့ရဲ့ငယ်ချစ်ဦး၊ စေ့စပ်ထားတဲ့သူကိုအရမ်းချစ်တယ်ဆိုတာဘယ်သူကမသိပဲနေလို့လဲ?

ဒါကဒီအသိုင်းအဝိုင်းကလူတွေကို ဆုယန်ချင်းအပေါ်မနာလိုဖြစ်လာစေခဲ့တယ်။

ဆုယန်ချင်းကအစကတော့ မိဘမဲ့တစ်ယောက်ပဲ။ ဒါပေမဲ့သူက ယင်းမိသားစုရဲ့အမျိုးသမီးအိုကြီးဆီကနေ ကံကောင်းစွာနဲ့ မွေးစားခံလိုက်ရပြီးတော့ သူ့ဘဝကိုချမ်းသာတဲ့သခင်ငယ်လေးတစ်ယောက်အဖြစ်နေထိုင်နိုင်ခဲ့တယ်။ ဒါကြောင့်လည်းသူ ခန်းရှင်းဟို့ နဲ့တွေ့နိုင်ခဲ့ပြီး ခန်းရှင်းဟို့ ရဲ့စေ့စပ်ထားတဲ့သူဖြစ်လာနိုင်တာပေါ့!

ခန်းရှင်းဟို့ ကဘယ်လောက်တောင်ကောင်းလိုက်သလဲ! သူကအသက်ငယ်ငယ်လေးနဲ့အရည်အချင်းရှိတယ်။ သူ့မိဘတွေကလည်းသေသွားကြပြီ။ သူ့အတွက် company ကြီးတစ်ခုတောင်ထားခဲ့သေးတယ်။ သူကသူ့ကိုယ်သူသန့်ရှင်းအောင်ထားတဲ့အပြင် သူစေ့စပ်ထားတဲ့လူကိုလည်းအရမ်းကိုမြတ်နိုးသေးတယ်။ ဒီလိုမျိုးချစ်သူဆိုတာက ဒီမီးပုံနဲ့ထွန်းရှာရင်တောင်တွေ့ဖို့ခက်ခဲသွားပြီ!

အခု ခန်းရှင်းဟို့ ကရုတ်တရပ်ကြီးသူ့ circle of friends မှာ သူနဲ့ဆုယန်ချင်းရဲ့စေ့စပ်ပွဲကိုရုတ်သိမ်းလိုက်ပြီလို့ကြေငြာလိုက်တဲ့အခါမှာတော့...

လူအများစုက ခန်းရှင်းဟို့ ကိုဘာလို့လဲဆိုတာမေးဖို့အတွက်ခေါ်ကြပြီးတခြားသူတွေကတော့ ဆုယန်ချင်း ကိုဘာတွေဖြစ်နေတာလဲဆိုတာမေးဖို့အတွက်ခေါ်ကြသည်။

ဆုယန်ချင်းနဲ့ယင်းကျားလျန်က မနေ့က ချစ်မြတ်နိုးစွာနဲ့နမ်းရှိုက်နေခဲ့ကြပြီး ခန်းရှင်းဟို့ ကသူတို့ကိုချက်ချင်းလက်ပူးလက်ကြပ်မိသွားတဲ့အချိန်မှာ ခန်းရှင်းဟို့ က ဆုယန်ချင်းကိုအိမ်ကိုအင်အားသုံးပြီးခေါ်လာခဲ့တယ်။

ချစ်ကျွမ်းဝင်နေသည် [ဘာသာပြန်]Where stories live. Discover now