9

288 46 4
                                    

'Unicode'

"ကျန်းအာ့ချီ မင်းနေရာမင်းသွားနေတော့ !"

ဆုမော့ရှိုးက ကျန်းအာ့ချီကို စိုက်ကြည့်လိုက်ပြီး သူ၏ အေးစက်သောမျက်ဝန်းများမှာ အခြားသူများအားလုံးထံသို့ ဖြတ်သန်းသွားတော့သည်။

" ယန်ကျင်းဇီက ငါ့လူပဲ သူ့ကိုဆန့်ကျင်တာက ငါ့ကို ဆန့်ကျင်တာပဲ"

ဆုမော့ရှိုးသည်ကား စာသင်သားတစ်ယောက်ဖြစ်သည်။ သူကပုံမှန်အားဖြင့် လူတွေကို ညင်ညင်သာသာနဲ့ဆက်ဆံပြီး တခြားသူတွေကို နွေဦးလေပြေလေးလို ခံစားရစေတယ်။ ဒါပေမဲ့ ဒီအချိန်မှာတော့ သူ့ရဲ့မျက်နှာက အထက်စီးဆန်တဲ့ အငွေ့အသက်တွေပြည့်နေပြီး အခြားသူတွေ သူ့ကို ပြန်ပြီးမဆန့်ကျင်နိုင်အောင်လို့ အရိုးထဲကထိအေးစိမ့်နေတဲ့ ခံစားမှုမျိုးပေးလို့နေ၏။

ကျန်းအာ့ချီက ဦးနှောက်မရှိရင်တောင်မှ သူပါးစပ်သူပိတ်ပြီး သူ့အတွက်သူ လုပ်ထားတဲ့အိပ်ယာပေါ်မှာ ပြန်ထိုင်နေရုံသာ တတ်နိုင်သည်။

အခြားသူတွေအတွက်ကတော့...သူတို့တွေက အရမ်းလန့်လွန်းလို့ ဘာမှတောင် မပြောနိုင်ဘဲနဲ့ ယန်ကျင်းဇီကို ရှောင်သွားရုံသာ တတ်နိုင်၏။

ဒုတိယစစ်သူကြီးဆုက ဒီလူကို ကြိုက်တယ် သူကသေချာပေါက် အရမ်းအရမ်းကို ကြိုက်နေတာ...။ သူတို့တွေ ဦးနှောက်ကောင်းကောင်းနဲ့ အဲ့ဒီလူကို မဆန့်ကျင်သေးသ၍ သူတို့အဆင်ပြေမှာပါ။

ဆုမော့ရှိုးက ထိုလူတွေကို လန့်အောင် လုပ်ပြီးသွားနောက် ယန်ကျင်းဇီကို ပြန်ကြည့်လာ၏။

သူခုနက အရမ်းပြင်းထန်သွားတယ်။ ယန်ကျင်းဇီကို ကြောက်စေမိလားမသိဘူး ... ဆုမော့ရှိုးက နေရခက်သော အပြုံးမျိုး ပြုံးပြလာသည်။

ဘယ်လိုတောင် ချစ်စရာကောင်းတဲ့ အလှတရားလဲ!!!

ယန်ကျင်းဇီက ဆိုသည် -- " အားရှို့ မင်းခုနက ကိုယ်က မင်းအပိုင်လို့ပြောလိုက်တယ်..."

" ငါလဲ ယောက်ျားတွေကိုပဲ ကြိုက်တယ် ငါမင်းကို ကာကွယ်ပေးပြီး ကောင်းကောင်းပျိုးထောင်မယ်!" ဆုမော့ရှိုးက တုန့်ဆိုင်းခြင်းမရှိဘဲ ကတိပေးလိုက်သည်။

ချစ်ကျွမ်းဝင်နေသည် [ဘာသာပြန်]Where stories live. Discover now