intro

415 27 4
                                    

မြို့ပြရဲ့မီးရောင်စုံအလှသည် တိုးတက်နေသောလူနေမှုပုံစံနှင့်အညီ ခန်းနားစွာလှပလျှက်ရှိသည်။
ညက်နက်သည့်အချိန်ဖြစ်သော် အသက်ဝင်လှုပ်ရှားလျှက်ရှိနေခြင်းသည် မြို့ပြရဲ့သဘာဝဟုပင်ခေါ်ရမည်။
ကျယ်ဝန်းဖြောင့်ဖြူးသော ကားလမ်းမများ၌ ကားရောင်စုံများသည်လည်း အစီအရီပြေးလွှားလျှက်ရှိသည်။ စိုစွတ်သယောင် လမ်းမကြီးသည်
နှင်းဖြူဖြူများကြွေကျရာ ရာသီသို့ရောက်ရှိနေခြင်းကြောင့်ဖြစ်သည်။

ထိုထဲတွင် ကားအနက်ရောင်တစ်စီးဟာ ပုံမှန်မဟုတ်သော အရှိန်နှုန်းဖြင့် ကွေ့ဝိုက်လှည့်ပက်ကာ သွားနေသည်မှာ ကြောက်မက်ဖွယ်။
ပုံမှန် အစီအရီနှင်နေသော ကားများသည်လည်း ဖရိုဖရဲဖြစ်ကာ လမ်းဘေးထိုးချခြင်း အချင်းချင်းပွတ်တိုက်မိခြင်းများနှင့်ဆူညံသွားတော့သည်။
ထိုသို့စည်းမဲ့ကမ်းမဲ့ မောင်းနှင်နေသော ကားနက်၏အနောက်တွင် ရဲကားများ ဆိုင်ကယ်အများအပြားဟာ အရေးပေါ်အချက်ပေးသံများဖြင့် ထိုကားအားဦးတည်ကာ အရှိန်ဖြင့်လိုက်နေကြသည်။

ကားစတီယာတိုင်အား လက်တစ်ဖက်ဖြင့်ကိုင်ကာ ကွေ့ဝိုက်မောင်းနှင်နေရင်း အနောက်သို့တစ်ချင်လှည့်ကြည့်လိုက်သည့်အခါ ကိုယ့်အားမှီခါနီးဖြစ်နေသော ရဲကားများကိုတွေ့သောကြောင့် ပါးလွှာသောနှုတ်ခမ်းပါးတစ်ဖက်သည် တစ်ချက်မြင့်တက်သွားလေသည်။

''အမယ်...ဘယ်ဆိုးလို့လဲ..ဒီလောက်ဆို ရဲမလုပ်ကြပဲ ရွာပြန်ပြီး ထွန်စက်မောင်းလို့ရပြီ..''

ပက်မောင်းနေရတာလဲပျင်းလာပြီ နောက်ကလိုက်နေတဲ့သူတွေကိုလဲ ဒုက္ခပေးလို့ဝပြီဆိုတော့
ဒီဇယားကို အဆုံးသက်ဖို့ပြင်တော့မည်။
လက်ရှိထက်ပိုသောအရှိန်အားတင်ကာ ပိုမိုအာရုံစူးစိုက်လိုက်သည်။
ကားစတီယာတိုင်အား ကိုင်ကာအလုပ်ပေးနေသော လက်ဖျံကျောများသည် ဖြူဖွေးသောလက်ပေါ်အားစိုက်ထားသောကြောင့် ပုံမှန်ထက်အစိမ်းရောင်တောက်ကာ ပေါက်ထွက်မတက်ပင်။
သန်မာသောလက်ဆစ်များရှိရာ လက်ချောင်းများတွင် သံကွင်းများစွာနေရာပေးထားတက်ခြင်းသည် ထိုသူ၏ဝါသနာပင်။

Stay Alive Where stories live. Discover now