(3)

115 9 9
                                    

အရှေ့ကသင်ပြပေးနေတဲ့ ဆရာရဲ့အသံတွေ လှုပ်ရှားမှုတွေကိုကြားနေရပေမယ့် နားထဲစိတ်ထဲ တစ်ခုမှမဝင်။ ခုံကိုဘောပင်နဲ့တတောက်တောက်ခေါက်ရင်းသာ ကိုယ့်ကိုယ်ကိုယ် စိတ်ညစ်မိနေသည်။
အခုလို စာကိုအာရုံစိုက်လို့မရတဲ့အဖြစ်မျိုး တစ်ခါမှမဖြစ်ဖူးဘူး။
မျက်လုံးထဲ ဖျက်ခနဲဝင်လာတဲ့ အပြုံးလေးမှာ အတန်းညီလှတဲ့ သွားသေးသေးလေးတွေ။
Daddy ရီရင်ရော အဲ့လိုလေးဖြစ်မှာလားဟု စိတ်ကူးထဲပုံဖော်ကြည့်ကာသဘောကျရပြန်သည်။

စာသင်ချိန်တစ်ချိန်ပြီးလို့ ဆရာထွက်သွားသည်နှင့် Taehyung ပါအခန်းထဲကလိုက်ထွက်လိုက်သည်။
စိတ်မပါပဲနဲ့တော့ စာသင်ခန်းထဲမှာ အညောင်းမိခံမနေတော့ဘူး။
အတန်းမတက်လို့ Daddy ဆူမှာလား လို့တော့မကြောက်ပါဘူး။ ဒီကျောင်းဝန်းက Daddy ထိန်းချုပ်မှုမဲ့နယ်မြေ ။ Daddy လူတွေက ကျောင်းပြင်ပမှာပဲစောင့်ကြည့်တက်ကြတယ်။
ဒါပေမယ့် အခုလိုအတန်းပျက်တာမျိုးတော့ ဒါပထမဆုံးအကြိမ်လုပ်ဖူးတာပဲ ။ Daddy စကားကိုကွယ်ရာလည်းနားထောင်တက်တဲ့သူပါ။
ဒီနေ့တစ်နေ့တော့ ခွင့်လွှတ်ပေးပါ Daddy..။

အခန်းထဲက ထွက်ပြီးဦးတည်ရာမရှိဘူး
နေ့တိုင်း ကိုယ့်အခန်းနဲ့ ကန်တင်းလောက်သာ ရောက်နဲ့သူမို့ တက္ကသိုလ်ဝင်းကို ရှောက်ပက်ကြည့်ဖို့တွေးလိုက်သည်။

ကျောင်းဆောင်အမြင့်တွေနဲ့အတူ သစ်ပင်ကြီးများရှိတဲ့ဒီနေရာက သိပ်ကိုအေးချမ်းသည်။ မြတ်ခင်းပြင်များနှင့် ရောင်စုံပန်းတို့ကိုလည်းတွေ့ရသည်။ ဟိုတစ်စု ဒီတစ်စုထိုင်ကာ ရယ်မောပျော်ရွှင်နေကြတဲ့ ရွယ်တူများ ။ သူတို့မျက်နှာမှာ အပူအပင်ရယ်လို့ပင်မရှိ။
တက္ကသိုလ်တက်နေရပေမယ့် တက္ကသိုလ်ရဲ့အရသာကို အခုမှသေချာစူးစမ်းမိနေသည်။
တစ်နေရာမှာကြာကြာမရပ်လိုက်ရ တချို့သောမျက်လုံးတွေက ကိုယ့်ဆီရောက်လာသည်မို့ ထိုနေရာမှ ထွက်လာခဲ့ရပြန်သည်။

သူတို့ကို သိစေချင်တာ
ကျွန်တော်ဟာ For us Group ဥက္ကဌ ဖြစ်သူရဲ့ တစ်ဦးတည်းသောသား ဖြစ်နေသည်ကလွဲ သူတို့လိုသာမန်လူငယ်တစ်ယောက်ပါပဲ။

ရှောက်ကြည့်နေရင်း လူသိပ်မရှိတဲ့ လမ်းလေးတွေဘက်ရောက်ခဲတယ်။ လူတွေမရှိလေ သဘာဝကိုပိုခံစားရပြီး အေးချမ်းလေပါပဲ။

Stay Alive Where stories live. Discover now