..
ရက်ကနေ လချီကြာနေပြီဖြစ်သော ဒီခရီးစဥ်....
လေယဥ်ပေါ် အိပ်စားတာတစ်နေ့တာလုပ်ရိုးလုပ်စဥ်လို နေသားကျတဲ့ထိဖြစ်လာပြီ။
အချိန်တွေအပိုအကုန်မခံခဲ့တာတောင် ရှောက်နေတဲ့ ခြေလှမ်းတွေရဲ့လောဘက ရပ်တန့်ခွင့်မပေးခဲ့ဘူး။
အမြင့်ရောက်လေ ပိုမြင့်တဲ့နေရာရောက်ချင်တယ် အောင်မြင်နေရင် ပိုအောင်မြင်ချင်တဲ့ လောဘရှိတဲ့သူတစ်ယောက်မို့ပင်။အခုခရီးစဥ်က White Team အတွက်အလွန်အကျိုးရှိလှသည်။
ကမ္ဘာ့နေရာ အသီးသီးက နေရာတိုင်းနှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုကိုချိတ်ဆက်ခဲ့ခြင်းကြောင့် ပစ္စည်းပျက်ခြင်း မရှိနိုင်သည့်အပြင် အသစ်အဆန်းများလည်းတွေ့ခဲ့ရသည်။ ပထမ White Team ဖြင့်အောင်မြင်ခဲ့လျှင် Red Team ကိုပါချဲ့ထွင်မည်ဖြစ်သည်။ ထိုအရာသည် ပို၍အကျိုးအမြတ်များနိုင်သည်။သားဖြစ်သူကို အမွေမပေးမယ့် ဒီတရားမဝင်လုပ်ငန်းတွေကိုဘာကြောင့် လောဘတကြီးချဲ့ထွင်နေစရာလိုမည်လဲဟု မေးလာခဲ့လျှင်။ ဖခင်အမွေပေးခဲ့သော Agust D ဆိုသည့် အမည်တစ်ခုအား မသေခင်အချိန်ထိ မည်သူမှမော်မကြည့်နိုင်တဲ့ နေရာတစ်ခုမှာထားချင်သောကြောင့်ဖြစ်သည်။
အတူပါလာတဲ့Jungkook ကလည်း မညီးမညူ တဲ့အပြင် အလုပ်အပေါ်အကွက်မြင်လှသောကြောင့် များစွာအားဖြစ်စေသည်။
အိမ်ကကလေးနဲ့ရန်သတ်နေတက်သော Jungkook နှင့် Agust D ရဲ့ JK ဟာ လူစားထိုးလိုက်သလို ကွာခြားသွားတက်သည်။
တည်ကြည်ပြီး တမူထူးစွာတိုက်ခိုက်ရည်ကောင်းသောကြောင့် Black Team ကလူတွေရဲ့လေးစားမှုကိုပါရရှိထားခဲ့သည်။
သို့ပေမယ့်
အလုပ်ကိစ္စလွဲ လူကွယ်ရာဆိုရင်တော့ အတော်နားညီးလွန်းသည်။''လွမ်းနေပြီ....လွမ်းနေပြီလို့......အေ့..''
အရက်ပုလင်းရင်ဝယ်ပိုက်ကာ အော်ဟစ်နေတာ ကြာနေပြီဖြစ်တဲ့ထိုသူအား Yoongi စိတ်ပျက်စွာကြည့်ပြီး ခေါင်းခါမိလိုက်သည်။
ဘယ်သူ့ကိုလွမ်းတာလဲ ဘယ်လောက်ထိလဲ မသိချင်လို့မေးမနေတော့ပါ။
အရက်သောက်ဖော်ဖြစ်ပေးနိုင်ပေမယ့် မူးပြီးရစ်နေသည်ကိုတော့ ဧည့်မခံနိုင်ပါ။
လွမ်းတယ်ချည်း လှိမ့်အော်နေတာ
တခါတလေ စိတ်ပေါက်ပြီး ငါကပိုလွမ်းနေရတာ ဆိုပြီး ပြိုင်အော်လိုက်ချင်သည်။
YOU ARE READING
Stay Alive
Fanfictionကိုယ်က မင်းပြုံးရီနေမှ အသက်ရှုချောင်တဲ့သူ Taegi / Jikook 10.2.2024>>>...?