(5)

88 5 2
                                    

အစိမ်းရောင်မြတ်ခင်းကျယ်တွင် ဝိုင်းဖွဲ့ထိုင်နေကြတဲ့ ကျောင်းသားများသည်ဟိုတစ်စုဒီတစ်စု..
ထိုမြတ်ခင်းကျယ်ကိုဖြတ်သန်းရန် ခင်းထားသောကွေ့ကွေ့ကောက်ကောက်ကျောက်စရစ်လမ်းလေးပေါ် အညိုရောင်လုံးလေးတစ်ခုဟာ ခုန်စွခုန်စွဖြင့် ကိုယ့်စိတ်ကူးနဲ့ကိုယ် ပတ်ဝန်းကျင်နှင့်အဆက်အသွက်ပျက်လို့နေသည်။

အခုတလောကျွန်တော့်စိတ်တွေလွှတ်လပ်ပေါ့ပါးနေသလိုခံစားနေရသည်။
ဟိုတနေ့ပြသနာဖြစ်တဲ့ညက Daddy က စောင့်ကြည့်တာတွေလျော့ပေးမယ်လို့ဂတိပေးသွားတဲ့အပြင် အတူတူတစ်ညလုံးအိပ်ပေးသွားခဲ့သည်။
အနွေးဓတ်ကလေးပြန်ရလိုက်သလို အဲ့နေကစပြီး စိတ်တွေကြည့်လင်နေတာ ကောင်းမွန်တဲ့ဖြစ်ရက်တွေရောက်ရှိလာတော့မယ့် ဖိုးကံကောင်းလေးလို့ ကိုယ့်ကိုယ်ကိုခံစားလာရသည်။

အရမ်းပင်ပန်းရင် တစ်ခါတလေအတန်းနားလို့ရပါသည်တဲ့ ကျောင်းဝန်းထဲမှာ စောင့်ကြည့်သူမရှိအောင်ထားပေးပါ့မယ် ကိုယ့်ကိုယ်ကို တော့သေချာဂရုစိုက်ပါတဲ့။ Daddy ကဘာကိုရှော့ရကာတစ်ညလုံးတောင်းဆိုသမျှကို လိုက်လျောပေးမှန်းမသိပေမယ့်။
တောင်းဆိုမှုတွေအပြီး နောက်ပိုင်းတော့ Daddy ရဲ့ဂရုစိုက်ဖို့ လိမ္မာဖို့ဆုံးမစကားတွေနဲ့ အသံမစဲပဲအိပ်ပျော်သွားခဲ့ရသည်။

ကျွန်တော်လိုချင်တာ Daddy နေ့မအားညမနားရှာပေးတဲ့ စည်းစိမ်တွေမဟုတ်ပဲ ဒီလိုနွေးထွေးမှုတွေချည်းပါလို့ Daddy ကိုပြောရင် ကလေးဆန်လိုက်တာ လို့ပြောလိမ့်မည်။
ဘယ်အရွယ်ရောက်ရောက် Daddy က ကျွန်တော့်Daddy ပဲဖြစ်နေအုန်းမှာမို့ ရှက်ပေမယ့် တိုးဝှေ့ချွဲနွဲ့တာမျိုး သိပ်လုပ်ချင်နေသေးသည်။

စိတ်ကူးနဲ့ခြေလှန်းတွေပေါ့ပါးစွာလှမ်းနေတုန်း
ရှေ့တဲ့တဲ့မှာ Jiminတို့အုပ်စု လာတာကိုတွေ့ရသည်။ အရောင်စုံပြင်ဆင်မှုတွေနဲ့ မြင်တာနဲ့စျေးကြီးမှန်းသိနိုင်သောဒီအဖွဲ့
ဒဲ့မကြည့်ရဲခိုးသာကြည့်ဖို့တက်နိုင်သော ထိုအဖွဲ့ရဲ့ခေါင်းဆောင်အား Taehyung မျက်စောင်းထိုးကာ ပုခုံးကိုတိုက်ပြီး ကျော်ဖြတ်လိုက်သည်။

''ဒီအညိုကောင်ကတော့!!...''

Jimin မကျေနပ်သံဖြင့်အော်ပစ်လိုက်သော်လည်း လွယ်အိပ်ကအစ လူတစ်ကိုယ်လုံးရမ်းခါစွာရှောက်သွားတဲ့သူကိုကြည့်ရင်း အပြုံးရေးရေးလေးတစ်ခုက နှုတ်ခမ်းပါးပေါ်ဖြစ်ထွန်းလာသည်။
ဒီလိုတက်ကြွမှုမျိုးက သိပ်မြင်ရခဲသည်လေ။

Stay Alive Where stories live. Discover now