(1)

162 11 3
                                    

ကျေးငှက်သံလေးတစာစာဖြင့် တောက်ပနေတဲ့ နေရောင်ဖျော့ဖျော့လေးနဲ့ အပူအပင်ကင်းစွာ နိုးထရတဲ့ မနက်တိုင်းသည် စိတ်ချမ်းသာစရာပင်။
အလင်းရောင်နှင့်နာရီပိုင်းမျှခွဲခွာထားသော မျက်လုံးများ၏ကြိမ်းစမ်မှုကို သေချာရှင်းလင်းစေရန် လက်နှစ်ဖက်ဖြင့် ပွတ်သက်လိုက်ပြီး...
အကျောဆန့်ကာ တစ်ချက်သန်းဝေလိုက်သည်။

ဒေါက် ဒေါက် ဒေါက်!
'' သား ဂီလေးရေ..အိပ်ရာထတော့ ဟေ့''

''သားနိုးနေပြီ.. ဖေကြီး..''

''သားနိုးရင်ထတော့နော် ဖေကြီးမနက်စာပြင်ပေးခဲ့မယ်..ကျောင်းကိုသေချာသွား.. ပြန်ရင် တံခါးသေချာပိတ်.. ဒီနေ့စခန်းမှာ အလုပ်များမှာဖို့ ဖေကြီးဒီနေ့နောက်ကျမယ်နော်...''

''ဟုတ်ကဲ့ ဖေကြီး..''

နေ့တိုင်းမှာနေကြ အမှာစကားကို ဖေကြီးကချွေသောအခါ မငြိုငြင်စွာနားထောင်ရပြန်သည်။
အခန်းတံခါးဝက ဖေကြီးအသံတိတ်သွားသည့်အခါ ဂီလေး အိပ်ရာပေါ်က ဒူးလေးထောက်ကာ ​ခေါင်းရင်းပြတင်းပေါက်ကျင်းလေးကနေ အပြင်ကိုခဏငေးကြည့်သည်။
ဂီလေးတို့နေတာ ရပ်ကွက်ငယ်လေးတစ်ခုရဲ့ အထပ်မြင့် တိုက်ခန်းငယ်လေးတစ်ခုပင်။ အမေမရှိတော့စဥ်ကတည်း အဖေတစ်ခုသားတစ်ခု ဖြင့် အေးချမ်းစွာနေထိုင်ခဲ့ကြသည်။
ဖခင်ဖြစ်သူက ရဲဝန်ထမ်း ဖြစ်သောကြောင့် အိမ်နီးနားချင်းတွေရဲ့အကူအညီယူကာ နေထိုင်ခဲ့ပြီး ရက်တွေကျော်ဖြတ်ခဲ့သည်။
အသက်သည်မူလတန်းအရွယ်သာရှိသေးသော်လည်း ဂီလေး ထိတွေ့နေရတဲ့အခက်အခဲတစ်ချို့ကိုတော့ ရင်ဆိုင်တက်လောက်အောင် လူကြီးဆန်စွာနေတက်သည်။

မျက်နှာသစ်ကာ ကျောင်းသွားဖို့ပြင်ဆင်ရန် ကုတင်ပေါ်ကခြေထောက်ချလိုက်သည့်အချိန်တွင် ကျယ်လောင်လှတဲ့ကွဲရှသံတစ်ခုကြားလိုက်ရသည်။
ခွမ်း!!!!
အနဲငယ်ထိပ်လန့်သွားတာကြောင့် အသံလာရာကိုပြေးကြည့်လိုက်တဲ့အခါ မီးဖိုချောင်ဘက်မှလာတဲ့အသံဖြစ်သည်။
ပထမဆုံးမြင်တွေ့လိုက်ရတာ စားပွဲပေါ်ကစားသုံးရန်အသင့်ဖြစ်နေသောပေါင်မုန့်ချက်လေးများနှင့် မှောက်ကျနေသော နို့ခွက်လေးတစ်ခွက်။ ထို့နောက် စားပွဲ၏အောက် မှာလဲကျနေသော ဖေကြီး...

Stay Alive Where stories live. Discover now