🍃-6

6 2 0
                                    

ဝင်လာတဲ့သူက ဘုရင်မရဲ့ ကိုယ်ရံတော်ဆိုသူ...

"ဘုရင်မက မင်းကို အခေါ်တော် ရှိနေတယ်...မနက်ဖြန် သူလာခေါ်မယ်တဲ့ မနက်၇နာရီလောက် အသင့်ပြင်ထားပါတဲ့.."

ထိုသိူ့ ပြောစရာရှိတာပြောပြီး ပြန်ထွက်သွားသော ကိုယ်ရံတော်ကို Guyose ကြောင်ပြီးကြည့်နေခဲ့လိုက်သည်...။

နောက်မှ...

Guyose: ခု Aluryက ငါ့ကို မနက်ဖြန် လာခေါ်မယ်လို့ ပြောလိုက်တာလား....yes!! ဟုတ်ပြီကွ...နောက်ဆုံးတော့ ငါသူ့မျက်နှာလေးကို ထပ်တွေ့ရတော့မယ်...

Guyoseသည် ပျော်လွန်းလို့ ကြောင်လေးကိုပါ အပေါ်သို့ မြှောက်ပင့်ပြီး ကစားလိုက်သေးသည်...။

Guyose မနက်ဖြန်အတွက် ရင်တွေခုန်လွန်းလို့ အိပ်လို့တောင်မရ....ဒီလိုနဲ့ မနက်ဖြန်ဆိုသော နေ့ကိုရောက်လာခဲ့ပြီပေ...
Guyose အချောဆုံးဖြစ်အောင် ပြင်ပြီး စံအိမ်ရှေ့ကခုံတန်ူလေးမှာထိုင်စောင့်နေလိုက်သည်...

မကြာမီ အနားမှာအစိမ်းရောင်ဝတ်ရုံစအစွန်းလေးကို တွေ့လိုက်ရသည်...သင်းပျံ့ပျံ့မွှေးရနံ့လေး...သေချာပါသည်...ဒါ Aluryရောက်နေပြီဆိုတဲ့ သက်သေ...

မော့ကြည့်လိုက်တော့လဲ...Guyoseအတွေးတို့ မှန်ပါသည်...

အစိမ်းရောင်ဝတ်ရုံ...coatလိုပုံစံမျိုးဝတ်ထားသည်...ဒူးခေါင်းဖုံးရုံထိသာရှည်တဲ့ အစိမ်းရောင်ဝတ်ရုံနဲ့ သူမကို Guyose ငေးရပြန်သည်...ဆံပင်လေးတွေကို ဖွထားတာ ယနေ့ သူမပုံစံသည် ဟိတ်ဟန်တွေမပါဘဲ...ချစ်စရာ မင်းသမီးလေး တစ်ပါးနှယ်...

Guyose's pov:တတ်လဲတတ်နိုင်ပါတယ် အချစ်ရယ်...အို...အလိုလေး..ငါအခု သူ့ကို အချစ်လေးလို့ ယောင်လိုက်တာလား....စိတ်ထိန်း Guyose... စိတ်ထိန်း...

Alury:ဘာတွေကြည့်နေတာလဲ...ထ...သွားမယ်...

Guyose: အာ...ဟုတ်...

အရာရာဟာ...Aluryရဲ့ သဘောအတိုင်းပဲပေါ့....

ဒီတစ်ခါ...လိပ်ပြာလေး သုံးကောင်ကတဲ့ ရထားလုံးလေးနဲ့သွားတယ်...ဘယ်ကိုသွားလဲဆိုတော့...ငန်းလေးဆီကိုပေါ့...

Alury: Guyose သူငယ်ချင်းကို သေချာမှတ်ထားနော်...သူက Aluryအကိုဝမ်းကွဲရဲ့ ပိုင်နက်ထဲက တိမ်တွေကို လျှောက်ပြီးဆော့မိလို့ ခုလိုဖြစ်သွားတာ...အကိုတော်ရဲ့ ကျိန်စာမိနေတာ....ခုအကိုတော်က လုံခြုံရေးသွားနေလို့ ကျိန်စာကိုဖြေပေးလို့မရသေးဘူး...

စိတ်လွင့်စဥ်🍃(Green Country)Where stories live. Discover now