🍃-7

3 2 0
                                    

"ငါ့သက်တမ်း တစ်လျှောက်လုံး ငါကြားဖူးသမျှအသံတွေထဲမှာ အချိုသာဆုံးနဲ့ နားထောင်လို့ အကောင်းဆုံး အသံက သူ့ဆီက ချစ်တယ်ဆိုတဲ့ အသံပါပဲ"

Alury
Alury Fortesa
🦋💖

"ချစ်တယ်ဆိုတာထက်ကို ပိုတာပေါ့ ကိုယ့်အသက်ရယ်...မင်းကလေ ကိုယ့်ဘဝမှာ ကောင်းမွန်စွာ နေထိုင်လာခဲ့တဲ့အတွက် ဘုရားကပေးတဲ့ ဆုလာဘ်...Alury Fortesaရဲ့ ဘုရင်မ... ကိုယ့်ရဲ့ ဘုရင်မ.."

Guyose
🍃💖

လရောင်စမ်းတဲ့ အစိမ်းနုရောင်ပန်းတွေကြားမှာ အစိမ်းနုရောင် ဝတ်ရုံပါးလေးနဲ့ မိန်းကလေးတစ်ယောက်...နောက်အ့မိန်းကလေးရဲ့ခါးတွေကို တင်းနေအောင်ဖက်ထားတဲ့ အစိမ်းနုရောင် ဝတ်ရုံနဲ့ အမျိုးသား တစ်ယောက်...

တခြားသူတွေတော့မဟုတ်...Guyoseနဲ့ Aluryတို့ပင်....။

Aluryရဲ့ သွယ်လျလျခါးလေးကို သွေးကြောစိမ်းနွေဖြတ်ပြေးနေတဲ့ မက်မောစရာ လက်တစ်စုံနဲ့ နောက်ကနေ သိုင်းဖက်ထားတဲ့ Guyose...

လမင်းကြီးနဲ့ ပန်းပင်ငယ်လေးတွေကို တူတူရပ်ကြည့်နေကြရင်း ချစ်စကားတွေပြောမဆုံး...

Guyose ရဲ့ နှုတ်ခမ်းတစ်စုံက Aluryရဲ့ ပခုံးသားဖွေးဖွေးကို နီရဲသွားအောင် ကျီစယ်ရင်း...

Aluryရဲ့ မျက်နှာထက်က အပြုံးပန်းပွင့်လေးတွေက အစွမ်းကုန် လှပလို့ရယ်...လက်သွယ်သွယ်နုနုလေးတွေက Guyose လက်ပေါ်ကိုပြန်ထပ်ကိုင်ထားတယ်...

Guyoseရဲ့ အနမ်းတွေက ပခုံးသားတွေမှာ အရှိန်မသတ်နိုင်တဲ့အခါ...ခါးလေးကနေ ဆွဲလှည့်လိုက်ပြီး မျက်နှာချင်းဆိုင်အနေအထား ရှိစေလိုက်တယ်.. ။

Aluryရဲ့ လက်တစ်စုံက Guyoseရဲ့ ရင်ဘတ်ပေါ်မှာ...

Guyoseက Aluryရဲ့ မျက်နှာကို မက်မက်မောမော ကြည့်ပြီး နှစ်ကိုယ်ကြား ကြားရရုံ

Guyose: ချစ်တယ်......

Aluryလဲ လှပစွာ ပြုံးလိုက်ရင်း

Alury:Aluryလဲချစ်တယ်

Aluryအပြုံးတွေနဲ့ ချစ်တယ်ဆိုတဲ့ စကားကို Guyose တောင့်ခံနိုင်စွမ်း မရှိ...

အသဲတယားယားဖြစ်လာတော့...Aluryရဲ့ နှုတ်ခမ်းအစုံကို ငုံထွေး သိမ်းပိုက်ပလိုက်သည်...

စိတ်လွင့်စဥ်🍃(Green Country)Where stories live. Discover now