Date မှပြန်လာကြတော့ နှစ်ယောက်လုံး အဝတ်လဲ၊ ခြေလက်ဆေးပြီး အိပ်ရာဝင်ခဲ့ကြသည်။ Baek ခန္ဓာကိုယ် က ပင်ပနိးနေသေိာလဲ မျက်လုံးတို့က မှေးစက် မရနိုင်သေး။ သူမ Yeol ကို ဘယ်လိုပြောရမလဲ?? နောကိ၃ ရကိဆို ထွက်သွားရတော့မည်။
Baek စဉ်းစားရင်း အိပ်မပျော်နိုင်။
"အိပ်မပျော်လို့လား Baek?"
သူမ လှုပ်လှုပ်ရွရွ လုပ်မိ၍ထင်သည်၊ Yeol က အိပ်ချင်မူးတူးဖြင့် မေးလာသည်။
Baek နောကိဆုံး သူမ စဉ်းစားထားသည့်အတိုငိး ပဲပြောရန် ဆုံးဖြတ်လိုက်သည်။
"Yeol-ya, Baek ပညာတော်သင် သွားမလားလို့?"
သူမ စကားကြောင့် အိပ်ချင်စိတ် ကြောင့် မှေးနေသော yeol မျက်လုံးများ ပြူးကျယ်သွားသည်။ Baek, Yeol ကို ကျောပေးထားရာမှ မျက်နှာချင်းဆိုငိ ဖြစ်အောင် လှည့်လိုက် ရင်း…
"အမှန်တော့ Yeol နဲ့လက်မထပ်ဖြစ်ခင်ထဲက အဲ့ဒီကို သွားမယ်လို့ စိတ်ကူးထားတာပါ၊ ခုလို ကိုနဲ့ လက်ထပ်ဖြစ်သွားပေမဲ့ ခုချိန်က ကလေးလဲ မရှိသေးတော့ သွားလို့ရသေးတယ်လေ…… အဲ့ဒီ course က နောက်မှ အသစ် ပြဌာန်းထားတာ ဆိုတော့ Baek အလုပ် အတွက် သွားတက်ချင်တယ်။
Baek လေ… ကို့ အတွက်… Baek ကိုယ်တိုင် အတွက် အရည်အချင်း ရှိတဲ့သူ ဖြစ်ချင်တယ်။ Yeol ခွင့်ပြုမယ်မို့လားဟင်??"
ညနက် သန်းခေါင် ရုတ်တရက် ကြားလိုက် ရသော စကားကြောင့် Yeol နည်းနည်းတော့ ကြောင်သွားသည်။ သို့သော် Baek ပြောတာတွေက မှန်နေသည်လေ… သူမ မှာလဲ Yeol နဲ့ မတွေ့ခင်က သူမ ကိုယ်ပိုင် အိပ်မက်တွေ ရှိဦးမှာပေါ့…
"ဘယ်တော့ သွားမှာလဲ? ဘယ်လောက် ကြာမှာလဲ Baek??"
Baek နည်းနည်း အံ့သြ သွားသည်။ Yeol ဒီလို အသာတကြည် ခွင့်ပြု မည်ဟု မထင်ထားလေ။ ထို့ကြောငိ့ ခွင့်ပြု အောငိတောင် မနည်းပြော ရမည်ဟု စဉ်းစားထားသည်လေ။ ထို့ကြောင့် Yeol မေးတော့ baek ဘာဖြေ ရမှန်းမသိ! ဘယ်လောက် ကြာမယ်လို့ ဟိုတစ်ယောက်က မပြောထားလေ… သို့သော် တောင်မြောက် ပူးပေါင်းရေး ပွဲကို အဓိက ထားမှာ ဆိုတော့ နောက် တစ်ပတ် လောက်ပဲ ကြာမည်ထင်သည်။
Baek စဉ်းစား ပြီးမှ……
"အလွန်ဆုံး တစ်ပတ်၊ နှစ်ပတ်လောက်ပါပဲ။ course တစ်ခုစာပဲ ဆိုတော့…
US မှာ သွားတက်ရမှာ… ဟို… နောက် ၃ရက်နေ ရင်……" Baek ပြောရင်း yeol မျက်နှာရိပ်ကို အကဲခတ်ပြီးမှ ဆက် ပြောလိုက်သည်။
"ဟိုနေ့ကမှ အဲ့ဒီ က သူငယ်ချင်းက ဖုန်းဆက်လို့ ဒီလို အလျငိစလို ဖြစ်သွားတာပါ"